ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ်အား လက်ခံတွေ့ဆုံ

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe အား စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာ-ဂျပန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ (၇၂) နှစ် ရှိပြီဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် လွှတ်တော်ကဏ္ဍမှ စတင်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် လွှတ်တော်အနေဖြင့် ဥပဒေပိုင်းဆိုင်ရာ စိစစ်သုံးသပ်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဂျပန် အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ကလည်း ယခုခရီးစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ODA စီမံကိန်းများ ပြန်လည်စတင်နိုင်ရန်ဖြစ်ပြီး သီလဝါစက်မှုဇုန်၊ စိုက်ပျိုးရေးနှင့် ပြည်သူအချင်းချင်း ချိတ်ဆက်မှု ကဏ္ဍများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
