// | DailyBriefNews အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနား မြိတ်မြို့၌ ကျင်းပ -

အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနား မြိတ်မြို့၌ ကျင်းပ

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆

နယ်မြေလုံခြုံရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို မနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အခမ်းအနားသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

တိုင်းမှူးနှင့် တက်ရောက်လာသူများက ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များ ကမ်းအပ်၍လည်းကောင်း၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယသံရုံးက စီစဉ်ကျင်းပသည့် ဟိန္ဒူဘာသာဝင်တို့၏ ဂဏေရှ်ပွဲတော်သို့ သာသနာရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက်
Next post မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး