အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်မည့် Po Po Live in Concert 2026 ကို နာမည်ကြီး အနုပညာရှင်များနှင့်အတူ ကျင်းပမည်ဟု အဆိုတော် ပိုပို ပြောကြား

စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၆
ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ပရိသတ်အားပေးမှု ရရှိထားသည့် အဆိုတော် ပိုပို၏ Po Po Live in Concert 2026 ကို လာမည့် အောက်တိုဘာလ ၁၇ ရက်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Hexagon Complex ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ One Lady Show ဖျော်ဖြေပွဲတွင် ပိုပိုက သူမ၏ သီချင်းများကို Story ပုံစံဖြင့် တင်ဆက်သွားမည်ဖြစ်ပြီး အဆိုတော် ကြံ့ဟိန်းနှင့်အတူ “Breaking Heart” နှင့် “For in Love” သီချင်းများကို တွဲဖက်သီဆိုမည် ဖြစ်ပါတယ်။ ထို့ပြင် အဆိုတော် သားသားနှင့်လည်း သီချင်းသစ်တစ်ပုဒ် အတူတကွ သီဆိုဖျော်ဖြေသွားမည်ဟု ပိုပိုက ပြောကြားခဲ့ပါတယ်။

ယင်းဖျော်ဖြေပွဲတွင် ခင်မောင်ထူး၊ ညီမင်းခိုင်၊ ကျော်ကျော်ဗိုလ်၊ သားသား၊ အောင်ထက်၊ ဗီတာမင်၊ ချယ်ရီသင်း၊ ကေကေမိုး စသည့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကြမည်ဖြစ်ပြီး Performance များလည်း ပါဝင်မည် ဖြစ်ပါတယ်။ တေးဂီတကို Million Dreams Music Band က တီးခတ်ပေးမည်ဖြစ်ကာ ပွဲလက်မှတ်များကို 09953184880 နှင့် 09422043092 ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ AYA Pay မှတစ်ဆင့် ဝယ်ယူနိုင်ကြောင်း သိရပါတယ်။
