// | DailyBriefNews မလေးရှားနိုင်ငံ ဒေသ ၃၇ ခုတွင် လေထုအရည်အသွေး ကျန်းမာရေးအတွက် မကောင်းသည့်အဆင့် ရောက်ရှိ -

မလေးရှားနိုင်ငံ ဒေသ ၃၇ ခုတွင် လေထုအရည်အသွေး ကျန်းမာရေးအတွက် မကောင်းသည့်အဆင့် ရောက်ရှိ

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆

မလေးရှားနိုင်ငံတွင် လေထုအရည်အသွေး ပိုမိုဆိုးရွားလာနေပြီး အင်္ဂါနေ့တွင် နိုင်ငံတစ်ဝန်း အနည်းဆုံး ဒေသ ၃၇ ခု၌ လေထုညစ်ညမ်းမှုညွှန်ကိန်း (API) သည် ကျန်းမာရေးအတွက် မကောင်းသည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ၏ လေထုညစ်ညမ်းမှုညွှန်ကိန်း စီမံခန့်ခွဲမှုစနစ်မှ ထုတ်ပြန်ထားပါတယ်။

ဘော်နီယိုကျွန်းမြောက်ပိုင်းရှိ ဆာရာဝတ်ပြည်နယ် စီရီယန်ဒေသတွင် API ၁၈၈ အထိ ရှိခဲ့ပြီး မြို့တော် ကူချင်း၌ API ၁၅၃ ရှိကာ လေထုအရည်အသွေး အဆိုးရွားဆုံး ဖြစ်ပေါ်နေပါတယ်။ ထို့ပြင် မလေးရှားကျွန်းဆွယ်ဘက်ရှိ ဆလန်ဂေါပြည်နယ် ဂျိုဟန်ဆီတီယာဒေသ၌ API ၁၈၃၊ ဂျိုဟိုးပြည်နယ် ပါဆီးဂူဒန်းနှင့် လာကင်ဒေသတို့၌ API ၁၇၄ နှင့် ၁၆၉ အသီးသီး ရှိခဲ့ပါတယ်။

မလေးရှားနိုင်ငံ၏ သတ်မှတ်ချက်အရ API ညွှန်ကိန်း ၁၀၁ မှ ၂၀၀ အထိကို ကျန်းမာရေးအတွက် မကောင်းသည့်အဆင့်၊ ၂၀၁ မှ ၃၀၀ အထိကို အလွန်မကောင်းသည့်အဆင့်နှင့် ၃၀၁ နှင့်အထက်ကို အန္တရာယ်ရှိသည့်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထရမ့်ပ်အစိုးရ၏ စာတိုက်မှတစ်ဆင့် မဲပေးမှု ကန့်သတ်ချက်များကို အမေရိကန်တရားလွှတ်တော်ချုပ် ပယ်ချ
Next post ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့်ကျောင်းများတွင် စိတ်ပါဝင်စားစွာ တက်ရောက်လိုသူများကို အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား