// | DailyBriefNews ကျော်မိုးထွန်းအား တရားခံပြေးကြေညာ၍ အင်တာပိုလ်နှင့် USNCB မှတစ်ဆင့် အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် -

ကျော်မိုးထွန်းအား တရားခံပြေးကြေညာ၍ အင်တာပိုလ်နှင့် USNCB မှတစ်ဆင့် အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သည့် ကျော်မိုးထွန်းအား နိုင်ငံပိုင်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၆ သန်းကျော်နှင့် ယူရို ၃၈,၂၃၃ ကျော်အပါအဝင် နိုင်ငံတော်ပိုင်ပစ္စည်းများကို အလွဲသုံးစားပြုလုပ်မှု၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်မှုတို့ဖြင့် တရားခံပြေးကြေညာထားပြီးဖြစ်၍ အင်တာပိုလ်နှင့် USNCB တို့မှတစ်ဆင့် အမေရိကန်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်အရေးယူနိုင်ရန် သံတမန်လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်၌ ကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှစ၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့သော်လည်း နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင် ရုံးခန်း၊ နေအိမ်နှင့် မော်တော်ယာဉ်များကို ဆက်လက်အသုံးပြုနေသည့်အပြင် Bank of America ရှိ မြန်မာသံရုံးဘဏ်ငွေစာရင်းမှ နိုင်ငံပိုင်ဘဏ္ဍာငွေများကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲခဲ့ကြောင်း ဖော်ပြထားပါတယ်။ ထို့ပြင် ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၁၂၂(၂)၊ မတရားအသင်းအက်ဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် တရားစွဲဆိုကာ ဖမ်းဝရမ်းနှင့် တရားခံပြေးကြေညာချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ကျော်မိုးထွန်းအနေဖြင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်လက်ပါဝင်နေခြင်းမှာ ခန့်အပ်လွှာစိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို နှစ်စဉ်ဆိုင်းငံ့ထားသည့် (Deferral) ယာယီအခြေအနေသာဖြစ်ပြီး၊ ၎င်းအား တရားဝင်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ရုပ်သိမ်းထားပြီးဖြစ်၍ ၎င်း၏ လှုပ်ရှားဆောင်ရွက်ချက်များသည် မြန်မာအစိုးရနှင့် ပြည်သူတို့၏ သဘောထားမဟုတ်ကြောင်း နိုင်ငံတကာအသိုက်အဝန်းထံ လေးနက်စွာ အသိပေးထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကမ္ဘောဒီးယားခရီးစဉ်မှ အာဆီယံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိက ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ရှင်းလင်း
Next post ၂၀၂၆ ခုနှစ်အတွင်း လူကုန်ကူးမှု ၈၃ မှုမှ တရားခံ ၂၃၅ ဦး ဖမ်းဆီးပြီး လူကုန်ကူးခံရသူ ၁၄၃ ဦး ကယ်တင်နိုင်ခဲ့ကာ အဓမ္မလက်ထပ်စေမှုမှာ အများဆုံးဖြစ်ကြောင်း သိရ