// | DailyBriefNews ဗြိတိန်၌ လေကြောင်းအသွားအလာ ထိန်းချုပ်ရေးစနစ် ချွတ်ယွင်းမှုကြောင့် လေယာဉ်ခရီးစဉ် ၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရ -

ဗြိတိန်၌ လေကြောင်းအသွားအလာ ထိန်းချုပ်ရေးစနစ် ချွတ်ယွင်းမှုကြောင့် လေယာဉ်ခရီးစဉ် ၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရ

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆

ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း) နိုင်ငံ အမျိုးသားလေကြောင်းပို့ဆောင်ရေး ထိန်းချုပ်ရေးဌာန (NATS) ၏ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုကြောင့် စက်တင်ဘာလ ၈ ရက်တွင် ဗြိတိန်တစ်ဝှမ်းရှိ လေယာဉ်ခရီးစဉ် ၁,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးသည် အများအပြား သောင်တင်နေကြောင်း Flightradar24 ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

အဆိုပါ နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် လေယာဉ်များ ဘေးကင်းစွာ ထွက်ခွာနိုင်ခြင်း မရှိဘဲ ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ လေဆိပ် ၁၅ ခုတွင် လေယာဉ်ခရီးစဉ်များ ပြင်းထန်စွာ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။ NATS မှ အင်ဂျင်နီယာများသည် ပြဿနာဖြစ်ပွားပြီး နှစ်နာရီနီးပါးအကြာတွင် ချွတ်ယွင်းချက်ကို ဖော်ထုတ်ပြုပြင်နိုင်ခဲ့သော်လည်း စနစ်တစ်ခုလုံး ပုံမှန်ပြန်လည်ပတ်နိုင်ရန် အချိန်မည်မျှကြာမြင့်မည်ကို မသိရသေးကြောင်း The Independent သတင်းတွင် ပါရှိပါတယ်။

ယင်းဖြစ်စဉ်ကြောင့် လေကြောင်းလိုင်းများစွာ ထိခိုက်ခဲ့ရပြီး Ryanair လေကြောင်းလိုင်းမှ ခရီးသည် ၁၅၀,၀၀၀ ခန့် ထိခိုက်ခဲ့ရသလို၊ British Airways လေကြောင်းလိုင်းကလည်း လေယာဉ်ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းလဲပျံသန်းခြင်းများ ပြုလုပ်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကြမ်းဖက် AA မှ ပလက်ဝ၌ ၁၂ တန်း မြန်မာစာအား ရခိုင်ဘာသာ သင်ရိုးသစ်ဖြင့် သင်ကြားနေမှုသည် ဒေသခံ ချင်းလူမျိုးများအား မထီမဲ့မြင်ပြုရာရောက်ဟု ဆို
Next post ထိုင်းနိုင်ငံရှိ မူကြိုကျောင်းတစ်ခု၌ ဆရာမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ ကလေးငယ်များ ဘေးကင်းပြီး ကျူးလွန်သူမှာ ဆရာမ၏ ခင်ပွန်း ရဲအရာရှိဟုဆို