// | DailyBriefNews မလေးရှား ပီနန်လေဆိပ်ရဲ့ အိမ်သာအတွင်း မွေးကင်းစကလေး စွန့်ပစ်မှုဖြင့် မလေးရှားအမျိုးသမီးနှင့် မြန်မာအမျိုးသားတို့ကို ဖမ်းဆီး -

မလေးရှား ပီနန်လေဆိပ်ရဲ့ အိမ်သာအတွင်း မွေးကင်းစကလေး စွန့်ပစ်မှုဖြင့် မလေးရှားအမျိုးသမီးနှင့် မြန်မာအမျိုးသားတို့ကို ဖမ်းဆီး

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆

မလေးရှားနိုင်ငံ၊ ပီနန်အပြည်ပြည်ဆိုင်ရာလေဆိပ် အမျိုးသမီးအိမ်သာ အမှိုက်ပုံးအတွင်း မွေးကင်းစ ကလေးငယ် (ယောကျ်ားလေး) တစ်ဦး စွန့်ပစ်ခံထားရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၂၃ နှစ်အရွယ် မလေးရှားအမျိုးသမီးတစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါ ကလေးငယ်ကို အိမ်သာအတွင်း သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ငိုသံကြားရာမှ အသက်ရှင်လျက် အခြေအနေဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပီနန်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ပေးထားကြောင်း Barat Daya ရဲတပ်ဖွဲ့မှူး Anuwal Ab Wahab က ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့သည် CCTV မှတ်တမ်းများကို စစ်ဆေးကာ စွန့်ပစ်သူ မလေးရှားအမျိုးသမီးကို Kompleks Bukit Jambul ၌ ဖမ်းဆီးခဲ့ပြီး၊ ဆက်လက် စုံစမ်းစစ်ဆေးမှုများအရ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး တရားဝင် ခရီးသွားလာခွင့် အထောက်အထား မပြသနိုင်သည့် မြန်မာအမျိုးသားကို ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်ကို ကလေးငယ်အား စွန့်ပစ်မှုဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိပြီး ဖမ်းဆီးခံရသူ နှစ်ဦးအကြား ဆက်စပ်မှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ဆက်လက် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အီဂျစ်နိုင်ငံ၏ ခရီးသွားများကြား ရေပန်းစားသော ဆိုင်းနိုင်းကျွန်းဆွယ်တွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရ
Next post အိန္ဒိယတွင် ဖမ်းဆီးခံထားရသည့် အမေရိကန် ကြေးစားစစ်သားဟောင်း မက်သရူး ဗန်ဒိုက် လွတ်မြောက်ရေး အမေရိကန်အစိုးရအား ဝင်ရောက်ကူညီရန် မိသားစု တောင်းဆို