ဒုတိယသမ္မတ ဦးညိုစော ရုရှား ဒုတိယဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ၍ ထားဝယ် SEZ နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

စက်တင်ဘာလ ၂ ရက်၊ ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ် (Yury Petrovich Trutnev) နှင့် ယမန်နေ့ မွန်းလွဲပိုင်းက ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး၊ ပညာရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးတို့အပြင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် (SEZ) အကောင်အထည်ဖော်ရေး၊ ဗလာဒီဗော့စတော့မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင် ဒုတိယသမ္မတသည် ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ကျင်းပရေး ကော်မတီ အမှုဆောင်အတွင်းရေးမှူး မစ္စတာ အန်တွန်ကိုဗျာကော့ဗ် (Anton Kobyakov)၊ ရော့စ်ကွန်ဂရက်စ် (Roscongress) ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးရှတီရော့ဗ် (Alexander Shtirov) တို့နှင့်လည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
