// | DailyBriefNews ဗီယက်နမ် အမျိုးသားနေ့အတွက် ဗီယက်နမ်သမ္မတ တိုလမ် ထံ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် သဝဏ်လွှာပေးပို့ -

ဗီယက်နမ် အမျိုးသားနေ့အတွက် ဗီယက်နမ်သမ္မတ တိုလမ် ထံ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် သဝဏ်လွှာပေးပို့

photo_2026-09-01_16-02-41

စက်တင်ဘာလ ၂ ရက်၊ ၂၀၂၆

မနက်ဖြန်တွင် ကျရောက်မည့် (၈၁) ကြိမ်မြောက် ဗီယက်နမ်နိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ Mr. To Lam ထံသို့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ Mr. Hun Sen က တနင်္လာနေ့တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

သဝဏ်လွှာတွင် Mr. Hun Sen က ကမ္ဘောဒီးယား အထက်လွှတ်တော်နှင့် ပြည်သူများကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ပြီး၊ Mr. To Lam ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းရော နိုင်ငံတကာတွင်ပါ ဗီယက်နမ်၏ ဂုဏ်သိက္ခာ တိုးတက်လာမှုများကို ချီးကျူးပြောကြားခဲ့ပါတယ်။ ထို့အပြင် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း ပီသစွာ ရိုးရာချစ်ကြည်ရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု အစဉ်အလာများကို အခြေခံ၍ နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ဆက်လက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းသံအမတ်ကြီးနှင့်တွေ့ဆုံ၍ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားမဝင် ရောင်းဝယ်မှု တားဆီးရေး ဆွေးနွေး
Next post ဒုတိယသမ္မတ ဦးညိုစော ရုရှား ဒုတိယဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ၍ ထားဝယ် SEZ နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး