ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ရေဘေးသင့်ပြည်သူများထံ နေမင်းနှင့် ဖြိုးမြတ်အောင် ကိုယ်တိုင်သွားရောက် လှူဒါန်း



ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆
အနုပညာရှင်များဖြစ်ကြသည့် နေမင်းနှင့် ဖြိုးမြတ်အောင်တို့သည် ဩဂုတ် ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ရေဘေးသင့်ပြည်သူများထံ စေတနာရှင် အလှူရှင်များ၏ ကိုယ်စား ကိုယ်တိုင်သွားရောက်၍ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။



အဆိုပါ အလှူပွဲတွင် ကျုံတာရွာရှိ အိမ်ထောင်စု ၇၅ စုအတွက် ကျပ် ၃၇ သိန်းခွဲတန်ဖိုးရှိ ဆန် ၈၀ အိတ်နှင့် ကျောင်းထိုင်ဆရာတော်အတွက် အလှူငွေကျပ် ၂ သိန်းခွဲ၊ ဒေါင့်ကြီးတာဝေါရှိ အိမ်ထောင်စု ၆၁ စုအတွက် အလှူငွေကျပ် ၁၈ သိန်း ၃ သောင်းနှင့် ဆေးဝါးဖိုး ကျပ် ၅ သောင်း၊ ဓမ္မဝေပုလ္လကျောင်း ရေဘေးရှောင်စခန်းအတွက် ဆန် ၃၃ အိတ်နှင့် ငွေကျပ် ၁၀ သိန်း၊ ထို့အပြင် ဟင်္သာတညီအကိုများ ပရဟိတအဖွဲ့အတွက် ငွေကျပ် ၁၀ သိန်းတို့ကို အသီးသီး ပါဝင်ကူညီ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။



အဆိုတော် ဖြိုးမြတ်အောင်က အလှူရှင်များ၏ စေတနာဓာတ်နှင့် လမ်းခရီးတစ်လျှောက် ဝိုင်းဝန်းကူညီပေးကြသူ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ရရှိသမျှ ကုသိုလ်ဒါန အစုစုတို့ကို မိဘ၊ ဘိုးဘွား၊ ဆရာသမားများနှင့် အနန္တသတ္တဝါတို့အား အမျှအတန်း ပေးဝေကြောင်း ပြောကြားခဲ့ပါတယ်။



