အဖြူရောင်တွေ စွန်းပေတဲ့နာရီ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆
Scene 23 Film Production မှ စီစဉ်ရိုက်ကူးမည့် “အဖြူရောင်တွေ စွန်းပေနေတဲ့နာရီ” ရုပ်ရှင်ဇာတ်ကားကြီး၏ ကန်တော့ပွဲပေး အခမ်းအနားကို ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စွယ်တော်မြတ်စေတီတော်၌ ကျင်းပခဲ့ပါတယ်။


၎င်းဇာတ်ကားတွင် အကယ်ဒမီ အေးချမ်းမောင်၊ အကယ်ဒမီ ရတနာဗိုလ်၊ အကယ်ဒမီ ခြူးလေး၊ မီကိုခန့် နှင့် သွန်းကြယ်စင် တို့ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်ပါတယ်။


ဇာတ်လမ်းကို ခွန်းညိုသွေး၊ ဇာတ်ညွှန်းကို အကယ်ဒမီ အေးသီရိကို၊ D.O.P အဖြစ် သီဟသစ်၊ လက်ထောက်ဒါရိုက်တာအဖြစ် ဝေယံ တို့က တာဝန်ယူထားပြီး ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN) က ပရိသတ်များ မမြင်တွေ့ဖူးသေးသည့် ဇာတ်အိမ်ဆန်းဆန်းဖြင့် ပုံဖော်ရိုက်ကူးသွားမည် ဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ခြူးလေးက ယခုဇာတ်ကားတွင် ပရိသတ်များအမြင် ဆန်းစေမည့် အတွဲအစပ်ဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး၊ ၎င်း၏ “ဇွန်” ဆိုသည့် ကာရိုက်တာမှာ ယနေ့ခေတ် ကောင်မလေးများကဲ့သို့ ယုံကြည်မှုလွန်ကဲပြီး ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း ရင်ဘတ်ထဲတွင် လေးနက်သည့် အဓိပ္ပာယ်များနှင့် ချစ်ခြင်းမေတ္တာများ ရှိသည့်အတွက် စိန်ခေါ်မှုရှိသော ကာရိုက်တာတစ်ခု ဖြစ်လာမည်ဟု ပြောကြားခဲ့ပါတယ်။
