// | DailyBriefNews ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆို -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆို

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအား ယနေ့ နံနက်ပိုင်းတွင် သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။


ဘီလာရုစ်သမ္မတက နိုင်ငံတော်သမ္မတအား ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြသည်။ ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ဘီလာရုစ်နိုင်ငံတော် သီချင်းတို့ကို တီးမှုတ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်၏ နိုင်ငံတော်ကြွေးမြီ အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံအထိ စံချိန်တင် မြင့်တက်လာ
Next post မြန်မာနှင့် ဘယ်လာရုစ် သမ္မတနှစ်ဦး မင့်စ်မြို့ သမ္မတနန်းတော်၌ တွေ့ဆုံဆွေးနွေးပြီး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး