// | DailyBriefNews ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့်ဘယ်လာရုစ်နိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး ဆက်လက်ထွက်ခွာ -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့်ဘယ်လာရုစ်နိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး ဆက်လက်ထွက်ခွာ

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဆက်လက်သွားရောက်ရန် ယနေ့ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လူ ၂၀ ပါ အမြန်ရေယာဥ်တစ်စင်းအား တပ်မတော် ကယ်ဆယ်
Next post ကင်ညာမှာ ရဟတ်ယာဉ် ပျက်ကျလို့ အီကွေဒေါ ထောက်လှမ်းရေးအကြီးအကဲနဲ့ အမေရိကန် ၅ ဦးအပါအဝင် ၇ ဦး သေဆုံး