// | DailyBriefNews မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လူ ၂၀ ပါ အမြန်ရေယာဥ်တစ်စင်းအား တပ်မတော် ကယ်ဆယ် -

မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လူ ၂၀ ပါ အမြန်ရေယာဥ်တစ်စင်းအား တပ်မတော် ကယ်ဆယ်

1000055261

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး မီးပြကျွန်းရဲ့ အရှေ့ဘက် ရေမိုင် ၀ ဒသမ ၄ မိုင်လောက်အကွာ ပင်လယ်ပြင်မှာ ရေဝင်နစ်မြုပ်နေတဲ့ “Tri Star 3” ဆိုတဲ့ ခရီးသည်တင် အမြန်ရေယာဉ်တစ်စင်းကို ဩဂုတ် ၁၉ ရက် နံနက် ၁၁ နာရီခွဲကျော်မှာ တပ်မတော်(ရေ) လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက် ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။

ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သွားရောက်ရှာဖွေ ကယ်ဆယ်ခဲ့တာဖြစ်ပြီး၊ ရေယာဉ်ပေါ်ပါလာတဲ့ အမှုထမ်း ၁ ဦးနဲ့ ခရီးသည် ၁၉ ဦး (စုစုပေါင်း လူ ၂၀) စလုံးကို စစ်ရေယာဉ်ပေါ် ဘေးကင်းကင်းနဲ့ တင်ဆောင်ပေးနိုင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးပေးတာ၊ အဝတ်အထည်နဲ့ စားသောက်ဖွယ်ရာတွေ ထောက်ပံ့ပေးတာတွေ လုပ်ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီဆိုင်ရာ ကိန်းဂဏန်းတွေ လွဲမှားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြောကြား
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့်ဘယ်လာရုစ်နိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး ဆက်လက်ထွက်ခွာ