// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ နှင့် သင်တန်းသားများနှင့် တွေ့ဆုံ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ နှင့် သင်တန်းသားများနှင့် တွေ့ဆုံ

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဩဂုတ် ၁၉ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုတွေနဲ့ သင်တန်းသားတွေကို တွေ့ဆုံပြီး အမှာစကား ပြောကြားခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ကောင်းမွန်တဲ့ နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်နေချိန်မှာ နိုင်ငံတော်အတွက် ခိုင်ခိုင်မာမာနဲ့ တာဝန်ထမ်းဆောင်လိုတဲ့စိတ်၊ မိမိတို့နိုင်ငံကိုထိရင် မြန်မာဆိုတဲ့စိတ်နဲ့ ကာကွယ်လိုစိတ်၊ နိုင်ငံအတွက် ကောင်းမွန်စေချင်တဲ့ စေတနာစိတ်တွေနဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သင်တန်းသားတွေအနေနဲ့လည်း မိမိနိုင်ငံရဲ့ ဖြစ်စဉ်ဖြစ်ရပ်မှန်တွေနဲ့ သမိုင်းမှန်တွေကို သိရှိအောင် ဆောင်ရွက်ကြဖို့ လိုသလို၊ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ အခြေအနေမှန်တွေကို မသိရှိကြတဲ့ နိုင်ငံတကာက ကျောင်းသားတွေကိုလည်း မှန်မှန်ကန်ကန် သိရှိသွားအောင် ပြန်လည်ရှင်းလင်း ပြောကြားပေးကြဖို့ အသိပေး မှာကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုက အာကာသပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာ
Next post မင်းလှနဲ့ ပြည်ကြီးတံခွန်မှာ ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သန်းကျော် ဖမ်းဆီးရမိ