// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု

ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်သို့ သွားရောက်ကာ ကျဆုံးလေပြီးသော သူရဲကောင်းများအား ရည်စူး၍ လွမ်းသူပန်းခွေချ အလေးပြုခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ ရောက်ရှိစဉ် ရုရှားနိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာ အကြီးအကဲများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ရှေ့ဆောင်စစ်သည်များ ဦးဆောင်၍ လွမ်းသူပန်းခွေ ချကာ ၁ မိနစ်ငြိမ်သက် ဂုဏ်ပြုခဲ့ကြသည်။ အဆိုပါ လွမ်းသူပန်းခွေချ အလေးပြုပွဲ အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းအား တီးမှုတ်၍ ဂုဏ်ပြုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော
Next post နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်ဆော့ကစားမည့် “ရေဘေးသင့်ပြည်သူများ ကူညီရေးရန်ပုံငွေ ဘောလုံးပွဲ” ကို လာမည့် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်