// | DailyBriefNews ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော -

ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆

ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ “အမေရိကန်ပိုင်နက်” အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ “ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်” လို့ သူက ပြန်ဖြေခဲ့ပါတယ်။ “ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ” လို့ သူက ဆက်ပြောပါတယ်။

​”ရေလက်ကြားကြီးက ပွင့်နေတာပဲလေ” လို့ ထရမ့်က ဆက်ပြောပါတယ်။ “ဒါကို ရပ်လိုက်တာမျိုးလည်း ဖြစ်နိုင်သလို၊ ဒီထက်ပိုပြီး ဖွင့်ပေးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ပတ်ကို ရေနံစည်ပေါင်း သန်းနဲ့ချီပြီး ထုတ်ယူနေတာလေ။”

​အမေရိကန်အနေနဲ့ “ဒီထက်ပိုပြီး ပြင်းထန်တဲ့” တစ်ခုခုကို လုပ်ဖို့ မဆုံးဖြတ်မချင်း ရေနံဈေးတွေက ကျဆင်းနေမှာဖြစ်ပြီး ဆက်ပြီးတော့လည်း ကျနေဦးမယ်လို့ ထရမ့်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ သူဘာကိုဆိုလိုတာလဲ ဆိုတာကိုတော့ တိတိကျကျ ပြောသွားခဲ့တာ မရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် ဂျပန်စစ်သင်္ချိုင်းနှင့် အထိမ်းအမှတ် စေတီတော်ကို ပြန်လည်တည်ဆောက်မှု စတင်
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု