// | DailyBriefNews အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ကယ်ရိုလိုင်း လီဗစ် ရာထူးမှ နုတ်ထွက်တော့မည် -

အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ကယ်ရိုလိုင်း လီဗစ် ရာထူးမှ နုတ်ထွက်တော့မည်

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆

အမေရိကန် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး အသက် ၂၈ နှစ်အရွယ် ကယ်ရိုလိုင်း လီဗစ် (Karoline Leavitt) သည် မိသားစုနှင့် အချိန်ပိုမို ပေးနိုင်ရန်အတွက် သြဂုတ်လကုန်တွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သည့် မေလက ဒုတိယမြောက် သမီးငယ်လေးကို မွေးဖွားခဲ့ပြီးနောက် အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သော်လည်း အိမ်ဖြူတော်၏ တာဝန်ဝတ္တရားများနှင့် ကလေးနှစ်ဦး၏ မိခင်တာဝန်ကြား မျှတအောင် ဆောင်ရွက်ရန် ခက်ခဲလာသည့်အတွက် ယခုကဲ့သို့ ခံစားချက်များစွာ ရောနှောနေသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း သူမ၏ လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကလည်း လီဗစ်၏ နုတ်ထွက်လိုသည့် ဆုံးဖြတ်ချက်ကို လုံးဝနားလည် လေးစားကြောင်း ပြောကြားခဲ့ပြီး အစားထိုးမည့်သူကို မကြေညာသေးသော်လည်း သူမအနေဖြင့် အနာဂတ်တွင် ထိပ်တန်း ပြင်ပအကြံပေးတစ်ဦးအဖြစ် ရီပတ်ဘလီကန်ပါတီအတွက် ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လီဗစ်သည် ထရမ့်ပ်၏ သမ္မတ ပထမသက်တမ်းတွင် အိမ်ဖြူတော် လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးသလို MAGA Inc. ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမသည် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးများအနက် အသက်အငယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ရာထူးထမ်းဆောင်စဉ်အတွင်း Fox News နှင့် ရှေးရိုးစွဲ မီဒီယာများမှတစ်ဆင့် အစိုးရ၏ မူဝါဒများကို ထိရောက်စွာ သတင်းထုတ်ပြန်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီရိလင်္ကာက လာမည့် ၂၀၂၇-၂၀၃၁ အတွက် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍတွင် သီရိလင်္ကာ ရူပီး ၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
Next post အပြည်ပြည်ဆိုင်ရာ ဖိအားများကြားမှ အာဆီယံဒေသတွင်း သံတမန်ရေးရာ ကစားကွက်နှင့် မြန်မာအစိုးရ၏ မဟာဗျူဟာ