// | DailyBriefNews ဟောင်ကောင်အခြေစိုက် IOMed အဖွဲ့က နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန် အသင့်ဖြစ်နေပြီဟု ဆို -

ဟောင်ကောင်အခြေစိုက် IOMed အဖွဲ့က နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန် အသင့်ဖြစ်နေပြီဟု ဆို

cbf9cdf8-8152-484e-9176-6b8386bf4b83_b4522d67

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၆

ဟောင်ကောင်မြို့တွင် အခြေစိုက်သည့် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့အစည်း (IOMed) အနေဖြင့် နိုင်ငံအချင်းချင်း ဖြစ်ပွားသည့် အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ဖြစ်သူ ဟောင်ကောင် တရားရေးဝန်ကြီးဟောင်း ထရီဆာချန်း (Teresa Cheng) က ပြောကြားခဲ့ပါတယ်။

အခြားသော ထင်ရှားသည့် နိုင်ငံတကာ ဥပဒေရေးရာ ဗဟိုချက် အများစုမှာ အနောက်နိုင်ငံများတွင်သာ တည်ရှိသဖြင့် ဟောင်ကောင်သည် အာရှ၏ နိုင်ငံတကာ ဥပဒေရေးရာ မြို့တော်အဖြစ် ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ ရှိနေပြီး ဝန်ဆောင်မှုပေးရန် မေးမြန်းစုံစမ်းမှု အများအပြားကိုလည်း လက်ခံရရှိထားပြီး ဖြစ်ပါတယ်။

နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို ကိုင်တွယ်ရန်အတွက် တရုတ်၊ နီကာရာဂွာ၊ ကင်ညာ၊ မြန်မာ၊ ပါကစ္စတန်နှင့် ကီရီဘတ်တီ စသည့် ၆ နိုင်ငံမှ သံတမန်ရေးရာနှင့် ဥပဒေရေးရာ နောက်ခံရှိသူ စေ့စပ်ညှိနှိုင်းရေးမှူး ၂၆ ဦး၏ အမည်စာရင်းကို တင်သွင်းထားပြီး ဖြစ်ပါတယ်။

ထိုအမည်စာရင်းတွင် မြန်မာနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပါကစ္စတန် သံအမတ်ကြီးဟောင်းများ ဖြစ်ကြသည့် မာဆွဒ် ခါလစ် နှင့် နာဂမာနာ အာလမ်ဂါ ဟာရှ်မီ တို့အပြင် ကင်ညာနိုင်ငံမှ ICC တရားသူကြီးဟောင်း ဂျိုက်စ် အာလူးချ် တို့ ပါဝင်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဖိလစ်ပိုင်မြို့တော် မနီလာနှင့် ပြည်နယ် ၃၃ ခု၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၁၂ ဦး သေဆုံး၊ ၈ ဦး ပျောက်ဆုံးနေ
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် NDAA (မိုင်းလားအဖွဲ့) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံ