// | DailyBriefNews မန္တလေး–ပြင်ဦးလွင် ၇၀ ကီလိုမီတာ MTB လူသစ်တန်း စက်ဘီးပြိုင်ပွဲ လမ်းကြောင်းများ ထုတ်ပြန် -

မန္တလေး–ပြင်ဦးလွင် ၇၀ ကီလိုမီတာ MTB လူသစ်တန်း စက်ဘီးပြိုင်ပွဲ လမ်းကြောင်းများ ထုတ်ပြန်

ဩဂုတ် ၅၊ ၂၀၂၆

မန္တလေးမြို့ရှိ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်အထိ ကျင်းပမည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲအတွက် ပြိုင်ပွဲလမ်းကြောင်းနှင့် လိုအပ်သည့် အချက်အလက်များကို သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ ပြိုင်ပွဲတာထွက်နေရာမှာ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ပင်မဂိတ် (၁၂ လမ်း၊ မန္တလေးမြို့) ဖြစ်ပြီး ပြိုင်ပွဲဝင်များသည် မန္တလေးမြို့တွင်းလမ်းများမှတစ်ဆင့် မန္တလေး–ပြင်ဦးလွင်လမ်းအတိုင်း ပြင်ဦးလွင်မြို့သို့ စီးနင်းကာ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ တောတွင်းစက်ဘီးစီးလမ်း (Bike Trail) ကို ဖြတ်သန်းပြီး Main Stage တွင် ပန်းဝင်ရမည်ဖြစ်ပါတယ်။

ပြိုင်ပွဲခရီးအကွာအဝေးမှာ ၇၀ ကီလိုမီတာခန့်ရှိပြီး မြို့ပြလမ်းမများ၊ တောင်တက်လမ်းနှင့် သဘာဝတောတွင်း Bike Trail များကို ဖြတ်သန်းစီးနင်းရမည့် စိန်ခေါ်မှုရှိသည့် လမ်းကြောင်းဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲဝင်များ အဆင်ပြေချောမွေ့စွာ ပန်းဝင်နိုင်စေရန် ကန်ဘောင်လမ်းဆုံမှစတင်၍ ဥယျာဉ်ဝင်းတစ်လျှောက်နှင့် ပန်းဝင်နေရာအထိ လမ်းညွှန်ဆိုင်းဘုတ်များ ထားရှိပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် Online မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပြီး ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ပါတယ်။

ထို့ပြင် ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲကာလအတွင်း စက်ဘီးဦးထုပ် (Helmet) ကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာက အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆီယံချန်ပီယံရှစ် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ဝင်းနိုင်ထွန်းက အင်ဒိုနီးရှားတိုက်စစ်မှူးနှင့်အတူ ပူးတွဲဦးဆောင်နေ
Next post နိုင်ငံတော်သမ္မတ ထံသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ