// | DailyBriefNews အာဆီယံချန်ပီယံရှစ် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ဝင်းနိုင်ထွန်းက အင်ဒိုနီးရှားတိုက်စစ်မှူးနှင့်အတူ ပူးတွဲဦးဆောင်နေ -

အာဆီယံချန်ပီယံရှစ် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ဝင်းနိုင်ထွန်းက အင်ဒိုနီးရှားတိုက်စစ်မှူးနှင့်အတူ ပူးတွဲဦးဆောင်နေ

ဩဂုတ် ၅၊ ၂၀၂၆

၂၀၂၆ အာဆီယံ ချန်ပီယံရှစ် (ASEAN Hyundai Cup 2026) ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် မြန်မာအမျိုးသား လက်ရွေးစင်အသင်း တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် သွင်းဂိုး ၄ ဂိုးဖြင့် အင်ဒိုနီးရှား တိုက်စစ်မှူး မစ်ချ် ဘေးကာ (Mitch Baker) နှင့်အတူ ပူးတွဲ ဦးဆောင်လျက်ရှိပါတယ်။

လက်ရှိ ကျင်းပနေသည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်းနှင့် အင်ဒိုနီးရှား တိုက်စစ်မှူး မစ်ချ် ဘေးကာတိုသည် ၄ ဂိုးစီ သွင်းယူထားနိုင်ကြပြီး အဓိက ဂိုးသွင်းဘုရင်ဆုအတွက် အပြိုင်ဖြစ်နေကြခြင်း ဖြစ်ပါတယ်။

ထိုအပြင် မြန်မာအသင်းမှ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ သန်းပိုင်သည်လည်း သွင်းဂိုး ၃ ဂိုး သွင်းယူထားပြီး ဗီယက်နမ် တိုက်စစ်မှူး ငုယင်ဒင်းဘက် (Nguyen Dinh Bac)၊ မလေးရှား ကစားသမား ပေါ်လို ဂျိုဆူးအယ် (Paulo Josue) တိုနှင့်အတူ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားများအဖြစ် ပူးတွဲ ရပ်တည်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၄ ခုတွင် မြန်မာဒုက္ခသည်များ၏ ဇီဝအချက်အလက် ကောက်ယူရေး လုပ်ငန်းများ ကြန့်ကြာနေ
Next post မန္တလေး–ပြင်ဦးလွင် ၇၀ ကီလိုမီတာ MTB လူသစ်တန်း စက်ဘီးပြိုင်ပွဲ လမ်းကြောင်းများ ထုတ်ပြန်