// | DailyBriefNews တောင်သူလယ်သမားများ ထုတ်ကုန်ထွက်ရှိချိန်ရောက်မှ ကြီးမားသည့် ဈေးကွက်အပြောင်း အလဲများကြောင့် ဆုံးရှုံးနစ်နာမှုမဖြစ်ရအောင် သတိပေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဒုတိယ သမ္မတ ဒေါ်နန်းနီနီအေး ပြောကြား -

တောင်သူလယ်သမားများ ထုတ်ကုန်ထွက်ရှိချိန်ရောက်မှ ကြီးမားသည့် ဈေးကွက်အပြောင်း အလဲများကြောင့် ဆုံးရှုံးနစ်နာမှုမဖြစ်ရအောင် သတိပေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဒုတိယ သမ္မတ ဒေါ်နန်းနီနီအေး ပြောကြား

ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၆

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ရဲ့ (၁/၂၀၂၆) ကြိမ်မြောက် စုံညီအစည်းအဝေးကို ဇူလိုင် ၂၈ ရက်က နေပြည်တော်မှာရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို ဦးဆောင်အဖွဲ့ ခေါင်းဆောင်အဖြစ် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့တာပါ။ အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ပညာရှင်တွေ အပြင် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကလည်း Virtual စနစ်နဲ့ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက မိမိတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အဓိက အခြေခံထားတာကြောင့် ဒီလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးဖို့နဲ့ တောင်သူတွေ အခွင့်အရေး မနစ်နာအောင် ကာကွယ်ပေးဖို့ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တောင်သူတွေ နည်းပညာ လက်လှမ်းမီရေး၊ လုပ်ကွက်ငယ် တောင်သူတွေအတွက် သင့်တင့်တဲ့ စိုက်ပျိုးစရိတ် ချေးငွေ ရရှိရေးတို့ကို ညှိနှိုင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အစိုးရက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကနေ စိုက်ပျိုးစရိတ် ချေးငွေတွေ တိုးမြှင့်ထုတ်ချေးပေးနေသလို၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ စပါးနဲ့ ဆီထွက်သီးနှံ စိုက်ပျိုးသူတွေကို ဓာတ်မြေဩဇာ ကြိုတင်ကူညီပြီး သီးနှံပေါ်မှ ပြန်လည်ပေးဆပ်စေတဲ့ စနစ်နဲ့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။ တောင်သူတွေ နည်းပညာသစ်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ခိုင်မာတဲ့ ကျေးလက် ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးအောင်လည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ASEAN၊ BIMSTEC နဲ့ GMS တို့လို ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ ဈေးကွက်၊ ကုန်သွယ်မှု သတင်းအချက်အလက်တွေနဲ့ ကုန်သွယ်မှု မူဝါဒတွေကို ကြိုတင်လေ့လာပြီး မိမိတို့ တောင်သူတွေ ထုတ်ကုန်ထွက်ချိန်မှ ကြီးမားတဲ့ ဈေးကွက်အပြောင်းအလဲကြောင့် ဆုံးရှုံးနစ်နာမှု မဖြစ်ရအောင် ကြိုတင်သတိပေး ဆောင်ရွက်ကြဖို့ကိုလည်း ထည့်သွင်းမှာကြားခဲ့ပါတယ်။ ထို့နောက် ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဦးဆောင်အဖွဲ့၊ လုပ်ငန်းကော်မတီနဲ့ လုပ်ငန်းအဖွဲ့တွေရဲ့ တာဝန်ဖွဲ့စည်းထားရှိမှုနဲ့ လုပ်ငန်းဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြတဲ့ အဖွဲ့ဝင်တွေကလည်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျပန်တွင် လှုပ်ခတ်သွားသည့် ပြင်းထန်သောငလျင်ကြောင့် ကူမာမိုတို စျေးဝယ်စင်တာ ပေါက်ကွဲမီးလောင်မှုနှင့် အဆောက်အအုံ ပြိုကျမှုတို့ကြောင့် အနည်းဆုံး သုံးဦး သေဆုံး
Next post မြန်မာနှင့် ပါကစ္စတန် နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းများဖွဲ့စည်းခြင်း စတင်ဆောင်ရွက်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား