// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ဇူလိုင် ၂၇၊ ၂၀၂၆

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့်အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့ပါတယ်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးများမှ အနုပညာရှင်များ၊ အတတ်ပညာရှင်များတက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက်ပြန်လည်မွမ်းမံ၍ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရတနာပုံအသင်း (၃) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဂျပန်နောက်ခံလူကို ခေါ်ယူ
Next post အာဂျင်တီးနားသမ္မတ မီလီက ဘရာဇီးသမ္မတကို တရားခံ၊ သူခိုးဟု ဆိုခဲ့မှုကြောင့် ဘရာဇီးအစိုးရက အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ပြန်လည်ခေါ်ယူ