// | DailyBriefNews ၂၀၂၇ ဆီးဂိမ်းအတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် မြင်းစီးပြိုင်ပွဲ ကျင်းပမည် -

၂၀၂၇ ဆီးဂိမ်းအတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် မြင်းစီးပြိုင်ပွဲ ကျင်းပမည်

ဇူလိုင် ၂၁၊ ၂၀၂၆

မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၂၇ ခုနှစ်၊ (၃၄) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင်မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် ရည်ရွယ်၍ FEI 1 Endurance Qualification (40 km) အရည်အချင်းစစ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ၄၀ ကီလိုမီတာ ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲကို နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်မြင်းစီးအားကစားကွင်းတွင် စက်တင်ဘာ ၆ ရက်၊ နံနက် ၆ နာရီမှ စတင်ကျင်းပမည်ဖြစ်ပြီး Technical Brie fing ကို စက်တင်ဘာ ၅ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲဝင် အားကစားသမားများနှင့် မြင်းများသည် စက်တင်ဘာ ၂ ရက်နောက်ဆုံးထား၍ ရောက်ရှိရမည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် လျှောက်လွှာများကို ဩဂုတ် ၂၄ ရက် နောက်ဆုံးထားကာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲစည်းကမ်းများအရ ပြိုင်ပွဲဝင်မြင်းများသည် အသက် ၄ နှစ်နှင့်အထက် ဖြစ်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကာ Resting Heart Beat ၄၀ အောက်ရှိရမည်ဖြစ်ကြောင်း အသိပေးချက်တွင် ပါရှိပါတယ်။

အားကစားသမားများမှာ အသက် ၁၄ နှစ်နှင့်အထက် ဖြစ်ရမည်ဖြစ်ပြီး တာဝေးမြင်းစီးနိုင်သည့် ကျန်းမာရေးအခြေအနေရှိရမည်ဟု သတ်မှတ်ထားကာ အားကစားသမားနှင့် မြင်းများသည် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်တွင် မှတ်ပုံတင်ထားရမည်ဖြစ်ပြီး၊ လူနှင့်မြင်း (ကုန်း နှီးအပါအဝင်) စုစုပေါင်းအလေးချိန် အနည်းဆုံး ၇၀ ကီလိုဂရမ်ရှိရမည်ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ သတ်မှတ်ထားသည့် လူနှင့်မြင်းအတွဲကို ပြောင်းလဲခွင့်မပြုကြောင်း ဖော်ပြထားပါတယ်။

ထို့ပြင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ပြီး စည်းကမ်းဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ပြိုင်ပွဲဝင်ခွင့် ပယ်ဖျက်ခံရနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့နိုင်ငံရေးအခြေအနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒုတိယသမ္မတ ဦးညိုစောနှင့် UN အဆင့်မြင့်အရာရှိ တွေ့ဆုံ
Next post ရန်ကုန်စီးတီးအသင်း ရာသီကြိုခြေစမ်းပွဲများကစားရန် ထိုင်းနိုင်ငံကို ရောက်ရှိနေ