// | DailyBriefNews မြန်မာဖိုက်တာ နက္ခတ်မင်း ဒီတစ်ပတ်မှာ ထိုင်းဖိုက်တာ ပွန်ပတ်နဲ့ ထိုးသတ်မယ် -

မြန်မာဖိုက်တာ နက္ခတ်မင်း ဒီတစ်ပတ်မှာ ထိုင်းဖိုက်တာ ပွန်ပတ်နဲ့ ထိုးသတ်မယ်

ဇူလိုင် ၂၀၊ ၂၀၂၆

မြန်မာဖိုက်တာ နက္ခတ်မင်းဟာ ဒီတစ်ပတ်ကျင်းပမယ့် ONE Friday Fights 163 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပွန်ပတ်နဲ့ ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ကြောင်း သိရပါတယ်။

ONE Friday Fights 163 ပြိုင်ပွဲကို ဇူလိုင် (၂၄) ရက် သောကြာညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း (၁၃) ဆိုင်း ပါဝင်မှာဖြစ်ပြီး မြန်မာဖိုက်တာ နက္ခတ်မင်းနဲ့ ထိုင်းဖိုက်တာ ပွန်ပတ်တို့က အဓိကခေါင်ပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

နက္ခတ်မင်းဟာ ONE Championship မှာ ပထမဆုံးထိုးသတ်မှာဖြစ်ပါတယ်။

နက္ခတ်မင်းဟာ ပြည်တွင်းမှာ နာမည်ရမြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်ပြီး နာမည်ကြီး ရိုးရာဖိုက်တာတွေဖြစ်တဲ့ အဲမွီ၊ စောဘဟိန်း၊ ဖိုးလပြည့် အစရှိသူတို့နဲ့ ထိုးသတ်ထားသူဖြစ်ပါတယ်။

နက္ခတ်မင်းနဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ပွန်ပတ်ဟာ ONE Championship မှာ ဝါရင့်ဖိုက်တာတစ်ဦးဖြစ်ပါတယ်။

အသက် (၂၇) နှစ်၊ အရပ် (၅) ပေ၊ (၇) လက်မရှိ ထိုင်းဖိုက်တာပွန်ပတ်ဟာ ONE Championship မှာ (၁၃) ပွဲထိုး (၈) ပွဲနိုင်၊ (၅) ပွဲရှုံးနိမ့်ထားပါတယ်။

ပွန်ပတ်ဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့မတ်လအတွင်းက ထိုင်းဖိုက်တာ ကျောက်ဆူရိုင်းနဲ့ ယှဥ်ပြိုင်ထိုးသတ်ထားပြီး တတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ ပဏာမ ကစားသမား ထပ်မံရွေးချယ်
Next post တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးလိဂ် အိမ်ကွင်းပွဲစဉ်များ ပထမဆုံးအကြိမ် လက်ခံကျင်းပမည်