// | DailyBriefNews U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ ပဏာမ ကစားသမား ထပ်မံရွေးချယ် -

U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ ပဏာမ ကစားသမား ထပ်မံရွေးချယ်

ဇူလိုင် ၂၀၊ ၂၀၂၆

ဂျပန်နိုင်ငံတွင် ကျင်းပမယ့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ- ၁၂ လက်ရွေးစင်အသင်းအတွက် ပဏာမကစားသမား ထပ်မံရွေးချယ်ပွဲကို ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်တို့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်ထားပါတယ်။

MFF သည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပထမအဆင့် လူရွေးပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမကစားသမား ၁၃ ဦးကို ရွေးချယ်ထားခဲ့ပါတယ်။

ယခု ဒုတိယအဆင့် ရွေးချယ်ပွဲတွင် ပထမအဆင့်မှ ရွေးချယ်ခံထားရသည့် ကစားသမားများအပြင် ရန်ကုန်နှင့် မန္တလေး ဘောလုံးအကယ်ဒမီများရှိ လက်ရှိ ယူ- ၁၂ ကစားသမားများကိုလည်း စုစည်းကာ ပဏာမအဆင့် ထပ်မံစိစစ်ရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ယင်းပူးပေါင်းရွေးချယ်ပွဲမှ ထပ်မံရွေးချယ်ခံရမည့် ပဏာမကစားသမားစာရင်းကို ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရွေးချယ်ခံရသည့် ကစားသမားများကို ဇူလိုင် ၂၅ ရက်မှစတင်၍ လေ့ကျင့်ရေးစခန်းသို့ ခေါ်ယူလေ့ကျင့်ပေးမည်ဖြစ်ပြီး၊ ယင်းစခန်းလေ့ကျင့်မှုများအပြီးတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အပြီးသတ်ကစားသမားစာရင်းကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း MFF က အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာဘော်လီဘောအသင်း အရှေ့တောင်အာရှဖလားပြိုင်ပွဲမှာ (၃) ပွဲစလုံးရှုံးနိမ့်
Next post မြန်မာဖိုက်တာ နက္ခတ်မင်း ဒီတစ်ပတ်မှာ ထိုင်းဖိုက်တာ ပွန်ပတ်နဲ့ ထိုးသတ်မယ်