// | DailyBriefNews ဥရောပတိုက်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ စံချိန်တင် -

ဥရောပတိုက်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ စံချိန်တင်

viber_image_2026-07-13_11-34-46-155

ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၆

ဥရောပနိုင်ငံများ၌ ဇွန်လကုန်ပိုင်းက ဥရောပတိုက်၏ အနောက်ဘက်ခြမ်းတွင် တိုက်ခတ်ခဲ့သော စံချိန်တင် အပူလှိုင်းကြောင့် သေဆုံးရသူ ဦးရေမှာ ၁၀,၀၀၀ ကျော် အထိရှိသည်ဟု ဥရောပတိုက် ရောဂါတားဆီးရေးနှင့်ထိန်းချုပ်ရေးဗဟိုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ ကျောထောက်နောက်ခံပြုထားသော ကွန်ရက်တစ်ခုဖြစ်သည့် EuroMOMO မှ ထုတ်ပြန်သည့် တရားဝင်စာရင်းဇယားများအရ သိရပါတယ်။

EuroMOMO မှ ထုတ်ပြန်သော အချက်အလက်များအရ သေဆုံးသူ အများစုဖြစ်သော ၉,၀၀၀ ကျော်မှာ အသက် ၆၅ နှစ်နှင့်အထက် အရွယ်များဖြစ်ကြကြောင်း ဆိုထားပါတယ်။

အပူလွန်ကဲခြင်းသည် အပူရှပ်ခြင်း သို့မဟုတ် နှလုံးသွေးကြောဆိုင်ရာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ပိုမိုဆိုးရွားစေခြင်းဖြင့် အသက်ဆုံးရှုံးစေနိုင်ပြီး သက်ကြီးရွယ်အိုများတွင် အထိခိုက်လွယ်ဆုံးလည်းဖြစ်ပါတယ်။

သိပ္ပံပညာရှင်များက ဇွန်လကုန်ပိုင်းမှစတင်ခဲ့သော အပူလှိုင်းသည် လူသားများကြောင့် ဖြစ်ပေါ်ရသော ရာသီဥတုပြောင်းလဲစေမှုများမရှိဘဲ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး အပူလှိုင်းများသည် အနာဂတ်တွင် ပိုမို၍ မကြာခဏနှင့် ပြင်းထန်လာနိုင်ကြောင်း ပြောကြားထားပါတယ်။ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း အပူလှိုင်းသည် ပြင်သစ်၊ စပိန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများ၌ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။

ဇွန်လကုန်ပိုင်း အပူလွန်ကဲမှုသည် လျှပ်စစ်ဓာတ်အားထောက်ပံ့မှုများကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကျောင်းများပိတ်ထားခဲ့ရကာ ပြင်သစ်၊ စပိန်နှင့် ယူကေတို့တွင် အပူချိန်စံချိန်တင်ခဲ့ပါတယ်။

ထိုသေဆုံးမှုများအနက် ၄၂ ရာခိုင်နှုန်းသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူလှိုင်းများဖြစ်ပေါ်စေသည့် အပိုအပူကြောင့်ဖြစ်ကြောင်း Imperial College London၊ UK Met Office နှင့် London School of Hygiene & Tropical Medicine တို့၏ တွေ့ရှိချက်များအရ သိရပါတယ်။

သို့သော် COVID-19 ဖြစ်ပွားမှုကဲ့သို့သော အခြားသိထားသော အဓိကအချက်များမရှိသောကြောင့် ထိုအပတ်အတွင်း သေဆုံးမှု ၁၀,၆၅၀ အထိ မြင့်တက်လာခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်စီးတီးအသင်း ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူ