// | DailyBriefNews ရန်ကုန်စီးတီးအသင်း ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူ -

ရန်ကုန်စီးတီးအသင်း ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူ

ဇူလိုင် ၁၃၊ ၂၀၂၆

ရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီသစ်အတွက် ဒုတိယမြောက် နိုင်ငံခြားသားကစားသမားအဖြစ် ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာဟာ ပြီးခဲ့တဲ့ရာသီက ရှမ်းယူနိုက်တက်အသင်းမှာ ခြေစွမ်းပြကစားခဲ့သူဖြစ်ကြောင်း သိရပါတယ်။ ရုဂျီဟီရိုတာဟာ ရှမ်းယူနိုက်တက်အသင်း မတိုင်မီ ဂျပန်နဲ့ ထိုင်းကလပ်အသင်းများစွာမှာ ကျင်လည်ကစားခဲ့သူဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်စီးတီးအသင်းဟာ ရုဂျီဟီရိုတာရဲ့ စာချုပ်သက်တမ်းကို မဖော်ပြခဲ့ပေမဲ့ တစ်ရာသီသက်တမ်းသာဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။ ရန်ကုန်စီးတီးအသင်းဟာ ဂျပန်ကစားသမားမတိုင်မီ ဘရာဇီးနောက်ခံလူ ပက်ဒရိုကို ခေါ်ယူထားကြောင်း သိရပါတယ်။

ရန်ကုန်စီးတီးအသင်းဟာ လက်ရှိမှာ ပြည်ပကစားသမား (၂) ဦး၊ ပြည်တွင်းကစားသမား (၆) ဦးအထိ ခေါ်ယူထားပြီးဖြစ်ပါတယ်။ ရန်ကုန်စီးတီးအသင်းဟာ ပြည်ပကစားသမားများအဖြစ် ဘရာဇီးနောက်ခံလူ ပက်ဒရို၊ ဂျပန်ကစားသမား ရုဂျီဟီရိုတာ၊ ပြည်တွင်းကစားသမားများအဖြစ် ဇွဲထက်မင်း၊ ဇွဲခန့်မင်း၊ ဘုန်းသစ္စာမင်း၊ မြတ်ကောင်းခန့် ၊ သန်းတိုးအောင်၊ စိုးအာကာတိုကို ခေါ်ယူထားတာဖြစ်ပါတယ်။ ရန်ကုန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသုံးပြုခဲ့တဲ့ ပြည်ပကစားသမား (၅) ဦးစလုံးနဲ့ လမ်းခွဲထားပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စိန်ပန်းပြာပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး
Next post ဥရောပတိုက်တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်အထိ စံချိန်တင်