// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ဇူလိုင် ၇၊ ၂၀၂၆

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ဇူလိုင် ၅ ရက်‌‌ နေ့လယ်ပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။

လာအိုနိုင်ငံသမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဇူလိုင် ၅ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်၊ လွန်ပရာဘန်မြို့ရှိ ဝပ်ဆီယမ်သုန်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို
Next post UNHCR နှင့် ယူနီဆက် ဌာနေကိုယ်စားလှယ်များ ရခိုင်သို့ သွားရောက်