// | DailyBriefNews အာရှအားကစားပြိုင်ပွဲနှင့် SEA Games အတွက် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပဏာမလူစာရင်း ထုတ်ပြန် -

အာရှအားကစားပြိုင်ပွဲနှင့် SEA Games အတွက် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပဏာမလူစာရင်း ထုတ်ပြန်

ဇူလိုင် ၁၊ ၂၀၂၆

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ဂျပန်နိုင်ငံတွင် ကျင်းပမယ့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Asian Games) နဲ့ မလေးရှားနိုင်ငံတွင် ကျင်းပမယ့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) များအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းရဲ့ ပဏာမလူစာရင်းကို ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်အရ အသင်းတွင် နည်းပြအဖွဲ့ဝင် ၉ ဦး၊ အမျိုးသားကစားသမား ၁၈ ဦးနဲ့ အမျိုးသမီးကစားသမား ၁၃ ဦးတို့ကို ပဏာမရွေးချယ်ထားပါတယ်။

နည်းပြအဖွဲ့တွင် ဦးထွဋ်ခိုင်နွယ် (အုပ်ချုပ်သူ/နည်းပြ) အပါအဝင် ဦးသန်းလွင်၊ ဦးအောင်မျိုးသွင်၊ ဦးအောင်မျိုးဆွေ၊ ဦးကျော်မင်းစိုး၊ ဦးအောင်ချိုမြင့်၊ ဒေါ်နမ့်ယဉ်ယဉ်မြင့်၊ ဒေါ်မာမာဝင်းနဲ့ ဦးဇင်ကိုကို (လက်ထောက်နည်းပြ) တို့ ပါဝင်ပါတယ်။

အမျိုးသားကစားသမားများတွင် သန့်ဇင်ထွန်း၊ ဇင်မင်းဦး၊ အောင်အောင်၊ ချစ်လွန်းပို၊ ရဲထက်၊ အောင်မျိုးကျော်၊ ရန်ပိုင်ဦး၊ ရန်ပိုင်စိုး၊ ရှိန်းဝဏ္ဏဇော်၊ ထူးအောင်ကျော်၊ ဇင်လင်းထူး၊ ဟန်ဝင်းထွဋ်၊ သက်ပိုင်စိုး၊ ကျော်မင်းသူ၊ ရှင်းသန့်၊ ထင်လင်းနောင်၊ ဇော်မင်းခန့်နဲ့ အလင်းရောင်တို့ ပါဝင်ကြပါတယ်။

အမျိုးသမီးကစားသမားများမှာ ယမုံဇင်၊ ချယ်ရီလင်းသစ်၊ ယဉ်ယဉ်ဌေး၊ စန်းသီတာမိုး၊ ဆုမွန်ကျော်၊ ဖူးဖူး၊ နေခြည်နွေး၊ နှင်းနှင်းဝေ၊ သီရိအောင်၊ နမ့်မေသူထွေး၊ ရွှန်းလဲ့ဇင်၊ ကြည်ဖြူရွှန်းလဲ့နဲ့ အိချမ်းမြေ့မောင်တို့ ဖြစ်ပါတယ်။

ရွေးချယ်ခံထားရတဲ့ နည်းပြများနှင့် ကစားသမားများအားလုံးဟာ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးစခန်းသို့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ပျက်ကွက်မှုမရှိဘဲ လာရောက်သတင်းပို့ကာ စခန်းဝင်လေ့ကျင့်ရန် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အချစ်အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “ဖွားဖက်တော်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကျင်းပ
Next post ဗင်နီဇွဲလား ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ တန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ ထပ်မံပေးအပ်မည်ဟု တရုတ်ကြေညာ