// | DailyBriefNews မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော Mobile Legends Tournament Esports Reality Show ဖြစ်တဲ့ “Zero to Hero Myanmar” အစီအစဉ်ကို ယနေ့ Mahar Esports မှာ စတင်ထုတ်လွှင့်မည် -

မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော Mobile Legends Tournament Esports Reality Show ဖြစ်တဲ့ “Zero to Hero Myanmar” အစီအစဉ်ကို ယနေ့ Mahar Esports မှာ စတင်ထုတ်လွှင့်မည်

ဇွန်လ ၂၇ ရက်၊ ၂၀၂၆

မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော Mobile Legends Tournament Esports Reality Show ဖြစ်တဲ့ “Zero to Hero Myanmar” အစီအစဉ်ကို ဇွန်လ ၂၇ ရက်နေ့မှာ Mahar Esports က စတင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အဆိုပါပွဲအကြောင်း မိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ သာကေတမြို့ နယ်ရှိ Emerald Bay မှာ ကျင်းပခဲ့ပါတယ်။

“ဂိမ်းဝါသနာပါကြတဲ့ လူငယ်တွေအတွက် သူတို့ရဲ့ အိပ်မက်တွေကို Beginner ဘဝကနေ အခုလို လူ ပေါင်းထောင်ချီကြားထဲကနေ တက်လှမ်းလာနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ အတွေ့အကြုံတွေနဲ့ ချပြမှာလည်းဖြစ်ပါတယ်။ ခုလို လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ ဝါသနာကို အောင်မြင်မှုဖြစ်အောင် ဘယ်လို စိတ်ဓာတ်မျိုး ကြိုးစားရင် ကိုယ်တိုင် ဝါသနာရှင်ဘဝကနေ Professional Hero တစ်ယောက်ဖြစ်လာမှာလည်း ဖြစ်တယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်”လို့ အဆိုပါပွဲ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီအခမ်းအနားမှာ Game Streamer တွေ၊ Host တွေ၊ Coach တွေနဲ့ Game Player တွေဖြစ်ကြတဲ့ ဟိန်းသစ်စ၊ ဆုထက်၊ ချိုမဒီသွင်၊ ဟန်နီဇော်၊ ICE ICE၊ Lynn Daddy ၊ တေးရေး တေးဆို အဆိုတော်ကောင်းဆက်၊ ယမုံမေနဲ့ Mahar ဘက်က တာဝန်ရှိသူတွေများစွာ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာအမျိုးသမီးလိဂ် Week-2 အကောင်းဆုံးကစားသမား (၅) ဦး ရွေးချယ်ခံရ၊ ဇင်မိုးပြည့် နှစ်ပတ်ဆက်တိုက် ပါဝင်
Next post (၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့် ငြိမ်းချမ်းရေး အတွက် သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော