// | DailyBriefNews မြန်မာအမျိုးသမီးလိဂ် Week-2 အကောင်းဆုံးကစားသမား (၅) ဦး ရွေးချယ်ခံရ၊ ဇင်မိုးပြည့် နှစ်ပတ်ဆက်တိုက် ပါဝင် -

မြန်မာအမျိုးသမီးလိဂ် Week-2 အကောင်းဆုံးကစားသမား (၅) ဦး ရွေးချယ်ခံရ၊ ဇင်မိုးပြည့် နှစ်ပတ်ဆက်တိုက် ပါဝင်

ဇွန် ၂၆၊ ၂၀၂၆

မြန်မာအမျိုးသမီးလိဂ် (Myanmar Women’s League 2026–27) Week-2 ပွဲစဉ်များအပြီးတွင် အကောင်းဆုံးကစားသမား (Best XI) အဖြစ် ရွေးချယ်ခံရတဲ့ ကစားသမား (၅) ဦးကို ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

ရွေးချယ်ခံရတဲ့ ကစားသမားများမှာ ရတနာပုံအသင်းမှ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊ ဧရာဝတီအမျိုးသမီး FC မှ စန်းသော်သော်၊ ရန်ကုန်ယူနိုက်တက် FC မှ ဇင်မိုးပြည့်၊ ISPE FC မှ မီမီဇင်နဲ့ သစ္စာအားမာန်အသင်းမှ ဝင်းဝင်းတို့ ဖြစ်ကြပါတယ်။

Week-2 ပွဲစဉ်များအတွင်း ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားများတွင် ဧရာဝတီ FC မှ နော်ထက်ထက်ဝေ၊ ဇွဲကပင် FC မှ တိုက်စစ်မှူး Gloria၊ ရန်ကုန်ယူနိုက်တက် FC မှ ဇင်မိုးပြည့်၊ YOUNGESSES အသင်းမှ တိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံးနဲ့ ISPE FC မှ တိုက်စစ်မှူး လင်းမြင့်မိုရ်တို့လည်း ပါဝင်ခဲ့ကြပါတယ်။

အဆိုပါ ကစားသမားများအနက် ရန်ကုန်ယူနိုက်တက် FC မှ ဇင်မိုးပြည့်ဟာ Week-1 နဲ့ Week-2 ပွဲစဉ်များတွင် နှစ်ပတ်ဆက်တိုက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုရာသီအစတွင် စွမ်းဆောင်ရည်ကောင်းများ ဆက်လက်ပြသလျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြို့တော်၏ ဂုဏ်သိက္ခာမြှင့်တင်မည့် နေပြည်တော်မြို့အဝင်မုခ်ဦးကို ငလျင်ဒဏ်ခံနိုင်စံနှုန်းဖြင့် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ မှာကြား
Next post မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော Mobile Legends Tournament Esports Reality Show ဖြစ်တဲ့ “Zero to Hero Myanmar” အစီအစဉ်ကို ယနေ့ Mahar Esports မှာ စတင်ထုတ်လွှင့်မည်