နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့

ဇွန်လ ၁ ရက်
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းမှာ အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် အိန္ဒိယနိုင်ငံသမ္မတအိမ်တော် ဧည့်ခန်းမမှာ ယနေ့ ဇွန် ၁ ရက်ကတွေ့ဆုံခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ထို့အပြင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကြား ယဉ်ကျေးမှုအမွေအနှစ်များ အပြန်အလှန် ထိန်းသိမ်းရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ထို့အတူ အမျိုးသမီးများကဏ္ဍမြှင့်တင်ရေးအတွက် အတွေ့အကြုံများမျှဝေနိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

