// | DailyBriefNews မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့ တွေ့ဆုံ -

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့ တွေ့ဆုံ

ဇွန်လ ၁ ရက်

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi တို့ဟာ ယနေ့ ဇွန် ၁ ရက်မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Hyderabad House မှာ တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အိန္ဒိယနှင့်မြန်မာနိုင်ငံဟာ ပထဝီဝင်အရ နယ်နိမိတ်ချင်း ထိစပ်နေရုံတင်မကဘဲ ရာစုနှစ်ပေါင်းများစွာကတည်းက သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ စိတ်ဓာတ်ရေးရာအရ အလွန်နက်ရှိုင်းတဲ့ အပြန်အလှန် ချိတ်ဆက်မှုရှိတဲ့ နိုင်ငံများဖြစ်ပါတယ်။

လူမှုရေးစံနှုန်းမှာလည်း အာရှတိုက်သားအချင်းချင်း ဆင်တူကြသည်များလည်းရှိပါတယ်။ မိသားစုအသိုက်အဝန်းကို တန်ဖိုးထားကြခြင်း၊ အနုမောဒနာပြုခြင်းနှင့်ကျေးဇူးဆပ်ခြင်းအစဉ်အလာ၊ ဧည့်ဝတ်ပျူငှါမှုများတူကြပါတယ်။

ပထဝီနိုင်ငံရေးအရ သွေးခွဲမရတဲ့ မိတ်ဖက်များဖြစ်ခြင်း၊ တူညီတဲ့ ယဉ်ကျေးမှုအရင်းအမြစ်များရှိခြင်းတို့ကြောင့် အနာဂတ် ဒစ်ဂျစ်တယ်စီးပွါးရေးနှင့် ကုန်သွယ်ရေးကိုလည်း အပြန်အလှန် ယုံကြည်မှု အခြေခံနဲ့ တည်ဆောက်သွားနိုင်မည်ဟုမျှော်လင့်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NETRA (NTPC Energy Technology Research Alliance)ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့