// | DailyBriefNews တမီလ် သရုပ်ဆောင်-နိုင်ငံရေးသမား ဗီဂျေး၏ မဲဆွယ်စည်းရုံးရေးပွဲတွင် လူ ၃၆ ဦးကျော် ‌ေ-သဆုံး -

တမီလ် သရုပ်ဆောင်-နိုင်ငံရေးသမား ဗီဂျေး၏ မဲဆွယ်စည်းရုံးရေးပွဲတွင် လူ ၃၆ ဦးကျော် ‌ေ-သဆုံး

တမီလ်သရုပ်ဆောင် ဗီဂျေး(Vijay) ၏ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် စနေနေ့က လူ ၃၉ ဦးအထိ ‌ေ-သဆုံးပြီး ၅၀ ကျော် ဒ-ဏ်ရာရရှိခဲ့ကြောင်း တမီးလ်နာဒူးပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“လက်ရှိအချိန်အထိ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ယောက်ျားလေး ၄ ဦးနှင့် မိန်းကလေး ၅ ဦး အပါအဝင် လူ ၃၆ဦး ‌ေ-သဆုံးခဲ့ပြီး အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၂၅ ဦး အပါအဝင် လူ ၅၁ ဦးကို အထူးကြပ်မတ်ကုသမှု ပေးနေသည်” ဟု တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ် အမ်.ကေ. စတာလင် (M.K. Stalin) ကပြောကြားခဲ့သည်။

ဆယ်စုနှစ်သုံးခုကြာ တမီလ်ရုပ်ရှင်လောကတွင် လူကြိုက်များသည့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဗီဂျေးသည် ၂၀၂၄ ခုနှစ်တွင် ၎င်း၏ နိုင်ငံရေးပါတီကို စတင်တည်ထောင်ခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်နေသော ဒီအမ်ကေ (DMK) ပါတီနှင့် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ၏ ဘာရာတီယ ဂျနတာပါတီ(Bharatiya Janata Party) နှစ်ခုလုံးကို ပ-စ်မှတ်ထားကာ လူထုအစည်းအဝေးများတွင် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည့် ပြည်နယ်ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးဆင်းနေခြင်း ဖြစ်သည်။ ဒေသတွင်း မီဒီယာများမှ ဗီဒီယိုများတွင် ဗီဂျေးသည် မဲဆွယ်စည်းရုံးရေးယာဉ်ကြီးပေါ်တွင် ရပ်၍ စကားပြောကြားနေသည်ကို လူထောင်ပေါင်းများစွာ ဝိုင်းရံနေပုံကို ပြသခဲ့သည်။ စည်းရုံးပွဲအတွင်းတွင် ပရိသတ်ထိန်းမနိုင်သိမ်းမရဖြစ်လာသောအခါ သတိလစ်သွားသည့် ထောက်ခံသူများကို ယာဉ်ပေါ်မှ ရေသန့်ဘူးများ ပ-စ်ပေးကာ ရဲအကူအညီတောင်းခံနေသည့် ဗီဂျေး၏ပုံရိပ်များကိုလည်း ပြသထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့တွေ့ဆုံ
Next post (၂၈-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်