// | DailyBriefNews မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့တွေ့ဆုံ -

မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့တွေ့ဆုံ

မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၇ ရက်က ကာဇက်စတန်နိုင် ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် နေ့လည်ပိုင်း၌ ကာဇက်စတန်နိုင်ငံ သမ္မတနန်းတော်၌တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် မေ ၈ ရက်ညနေပိုင်းကလည်း ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ကျင်းပသည့် ၁၉၄၁- ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတက်ရောက်ရန်ရောက်ရှိနေစဉ် မော်စကိုမြို့၌တွေ့ဆုံ၍ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post တမီလ် သရုပ်ဆောင်-နိုင်ငံရေးသမား ဗီဂျေး၏ မဲဆွယ်စည်းရုံးရေးပွဲတွင် လူ ၃၆ ဦးကျော် ‌ေ-သဆုံး