
(၂၆-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၆-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ရုရှားနိုင်ငံ မော်စကိုမြိုသို ရောက်ရှိ
၂။ ရန်ကုန်တွင် မြုပ်နှံမည့် ကျပ် ၆ ဘီလျံခွဲနီးပါးနှင့် အမေရိကန်ဒေါ်လာ ၄ သန်းခွဲကျော် တန်ဖိုးရှိ လုပ်ငန်း ၅ ခု YRIC ခွင့်ပြု
၃။ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းမှ PDF ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
၄။ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရုရှားက ရွေးကော်သို လာရောက်ဆွေးနွေး
၅။ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ရပ်တန့်သွားသဖြင့် ရန်ကုန်တိုင်းရှိ နေရာအချို မီးပြတ်
၆။ ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြောခြင်းနှင့်လှုဆော်မှုဖြင့် လူပုဂ္ဂိုလ်အချိုကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှကာကွယ်ပေးရေး ဥပဒေဖြင့် အမှုဖွင့်
၇။ သောင်းကျန်းသူ NUG/NLD ကျေးရွာတာဝန်ခံက လင်ဖြစ်သူကို ဖမ်းဆီးထိပ်တုံးခတ်ပြီး ဇနီးဖြစ်သူကို သေနတ်ထောက်ကာ အဓမ္မပြုကျင့်၊ ဒေသခံတွေက NUG/NLD ကို ဆန္ဒပြ
၈။ စက်တင်ဘာလ ၂၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၉၅ ကျပ်၊ Octane 95 – ၂၉၇၀ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၁၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အစ္စရေး မြေပြင်တပ်တွေ ဂါဇာမြိုထဲကို တိုးဝင်တိုက်လို အသေအပျောက်တွေများလာ
၂။ အမေရိကန်နဲ့ဆွေးနွေးညှိနှိင်းမှုတွေက အီရန်ရဲ့အကျိုးစီးပွားအတွက် မဟုတ်ဘူးလို အီရန်ထိပ်တန်းခေါင်းဆောင်ပြော
၃။ ဗီယက်နမ်က ကုန်သွယ်ရေးသဘောတူညီချက်အသစ်များ ရရှိရေးကြိုးပမ်း
၄။ ဇန်နဝါရီလအကုန်တွင် လွှတ်တော်ကိုဖျက်သိမ်းမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော
၅။ အိန္ဒိယက ရုရှားရဲ့Su-57တိုက်လေယာဉ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖွယ်ရှိနေ
၆။ နေတိုးအဖွဲဝင်နိုင်ငံတွေက ရုရှားလေယာဉ်တွေကို ပစ်ချနိုင်တယ်လို ဒေါ်နယ်ထရမ့်ထုတ်ဖော်ပြောဆို
အားကစားသတင်းများ
၁။ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားအဖွဲများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး
၂။ မြန်မာက လူငယ်တွေ လက်ဝှေ့မှာ ကမ္ဘာ့ချန်ပီယံတွေဖြစ်တဲ့ အောင်လ၊ Joshua Van တိုလို ကြိုးစားရင် ဘာမှဆိုဖြစ်နိုင်တယ်ဆိုတဲ့ ထွန်းထွန်းမင်း
၃။ အားကစားတွင်စိတ်ဝင်စားသည့် မသန်စွမ်းသူများ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲချုပ်ထံ ဆက်သွယ်နိုင်
၄။ ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲမှာ မက်ဆီခြေစွမ်းပြပြီး ဂိုးပြတ်အနိုင်ရတဲ့ အက်တာမိုင်ယာမီ
၅။ အက်သလက်တီကိုရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကတော့ ပြီးခဲ့တဲ့ညမှာ ဟက်ထရစ်သွင်းပြီး အသင်းကို ကယ်တင်သွားခဲ့
အနုပညာသတင်းများ
၁။ အဆိုတော်ဖြိုးကြီးရဲ့ သမီးရတနာလေး ဖြိုးယသော် @Sapphire ကို ချစ်ဇနီးက ယနေ့ အောင်မြင်စွာ မွေးဖွား ပေးခဲ့
၂။ သူများလင်ကိုလုရတဲ့ ဗန့်မျိုးထက် မတူညီတဲ့ ဗန့်ကိုအသားပေးတဲ့ ဇာတ်ကောင်မျိုးဆိုရင် Welcome ပါ ရိုက်ဦးမှာပါ ဆိုတဲ့ ဆောင်းဝတ်ရည်မေ
၃။ နာမည်ကြီးတေးသံရှင် ဗစ်တာခင်ညို ယနေ့ကွယ်လွန်