
ပြည်ထောင်စုတစ်ဝန်းယှဥ်ပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံကိုမဖြစ်မနေဝင်ပြိုင်ရမည်
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကို စက်တင်ဘာလ(၂၁)ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ပြဋ္ဌာန်းသည့် နစက လက်ထက်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေ၏ ပုဒ်မ(၁၂) ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၁)ကို အစားထိုးပြင်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစားထိုးပြင်ဆင်ချက်မှာ ” ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါကအထွေထွေရွေးကောက်ပွဲ ၌ ပြည်သူလွှတ်တော်၊အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုးလွှတ် တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း” ကို အစားထိုးပြင်ဆင်ကြောင်း ယနေ့ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
ယင်းသို ပြင်ဆင်လိုက်သည့်အတွက် မူလက မဲဆန္ဒနယ်အားလုံး၏ သုံးပုံတစ်ပုံတွင် မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေရသည့် ပြည်ထောင်စုအဆင့် ပါတီများအနေဖြင့် ယခုတွင် မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင်သာ ဝင်ရောက်ယှဉ် ပြိုင်ရုံဖြင့် ပါတီကို ဖျက်သိမ်းခံရခြင်းမှ ကင်းလွတ်သွားပြီဖြစ်သည်။