
(၂၂-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၂-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ အစီအစဉ်များထုတ်လွှင့်ရာတွင် ပြည်သူ့အကျိုးပြုအစီအစဉ်ကောင်းများဖြစ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် မှာကြား
၂။ မြန်မာ- တရုတ် နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပြီး အစည်းအဝေးသဘောတူညီမှု မှတ်တမ်းကို လက်မှတ်ရေးထိုး
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင် ဦးခင်ဇော် မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းသား/သူများ၊ ခရိုင်နှင့်မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ ဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ
၄။ ရာသီဥတုအခြေအနေများကြောင့် ဆည်မြောင်းတာတမံများ လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားကြရန် မိုးဇလသတိပေး
၅။ သိန္နီမြိုသို အစိုးရဌာနဆိုင်ရာဝန်ထမ်းများ သိသိသာသာ ပြန်လည်ဝင်ရောက်
၆။ မုဒုံမြိုနယ် နှီးပဒေါကျေးရွာတွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်ထိုင်ကာ တရားဟောသည့် “ပိဋကတ်သုံးပုံမယ်တော်ကြီး” ဆိုသည့် အမျိုးသမီးကြီးကို ဖမ်းဆီး
၇။ နတ်တလင်းတွင် ရာအိမ်မှူးတစ်ဦးကို PDF အဖွဲဝင်များက နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်သတ်
၈။ စက်တင်ဘာလ ၂၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၉၅ ကျပ်၊ Octane 95 – ၂၉၇၀ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၁၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဖိလစ်ပိုင်အစိုးရအဖွဲအတွင်း အကျင့်ပျက်ပြား လာဘ်စားမှုများကို နိုင်ငံတစ်ဝန်း ပြည်သူများက စက်တင်ဘာလ ၂၁ ရက်တွင် ဆန္ဒပြ
၂။ နယ်သာလန်နိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူများကို အာဏာဖြင့်နှိပ်ကွပ်ရန် ဆန္ဒပြသူများနှင့် ရဲအဖွဲကြား အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွား
၃။ အမေရိကန်က ဆီးရီးယား ရွှေ့ပြောင်းများကို နေရပ်ပြန်ပိုမှုမှ အကာအကွယ်ပေးထားသည့် အစီအစဉ်ကို ဖျက်သိမ်းမည်
၄။ ဥရောပလေဆိပ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးကြန့်ကြာ
၅။ ဂါဇာစီးတီးမြိုကို မကြုံစဖူးအင်အားတွေနဲ့ထိုးစစ်ဆင်မှုတွေလုပ်ဆောင်သွားမယ်လို အစ္စရေးစစ်တပ် သတိပေး
၆။ တရုတ်(တိုင်ပေ)အတွက် စစ်လက်နက်ပစ္စည်းသဘောတူညီချက်ကို အတည်ပြုဖို ဒေါ်နယ်ထရမ့်ငြင်းဆို
အားကစားသတင်းများ
၁။ တိုင်းနှင့်ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်း တံခွန်စိုက်ဆုဖလားဆွတ်ခူး
၂။ ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ ကမ္ဘာ့အမျိုးသားလမ်းလျှောက်ပြိုင်ပွဲမှာ ဘရာဇီးအားကစားသမား က ရွှေတံဆိပ်ဆုရ
၃။ အာဆင်နယ်ကို နှိမ်လိုက်တဲ့ ဘာနာဒို ဆေးလ်ဗား
၄။ ယမန်နေ့ည ကစားမယ့် ပီအက်စ်ဂျီ-မာဆေးလ်ပွဲစဉ်ကို ရာသီဥတုမကောင်းမှုကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရ
၅။ အချက်အလက်တွေအရ ချဲလ်ဆီးဟာ မန်ယူနိုက်တက်ရဲ့ ငယ်နိုင်ဖြစ်နေတယ်ဆိုတာကို မြင်တွေ့ရ
အနုပညာသတင်းများ
၁။ သားသားကို Bully လုပ်တာလည်း မခံဖိုနဲ့ သူများအသားကိုလည်း နာအောင်မလုပ်ဖို သင်ပေးထားတယ် ဆိုတဲ့ ဆုပန်ထွာ
၂။ ကိုယ့် ရည်းစားဟောင်းတွေကို ပြန်လွမ်းချင်ရင်တော့ ပိုပိုပွဲကို လာခဲ့ဖို ဖိတ်ခေါ်ပါတယ် ဆိုတဲ့ ပိုပို
၃။ နာမည်ကြီးအနုပညာရှင်တွေပါဝင်ခဲ့ကြတဲ့ Timeless Love 2025 Wedding Bridal Showcase 2025 ပွဲ ဒီနေ့ ဆက်လက် ပြသနေ