မကွေးမြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၁ ရက်မှ စကာ ရက် ၂၀ ကြာကျင်းပမည်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါပွဲတော်ကို အောက်တိုဘာလ ၁ ရက် မှ ၂၀ ရက်(သီတင်းကျွတ်လဆန်း ၁၀ ရက် မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်)အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်ကလာရောက်သည့် ဘုရားဖူးပြည်သူများအတွက် ဘုရားပွဲဈေးအနေဖြင့် ဈေးဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး အခမဲ့နားနေဆောင်များကိုလည်း စီစဉ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ပင့်သံဃာတော် ၁,၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉,၀၀၀၊ နံ့သာ ၉,၀၀၀၊ ပန်း ၉,၀၀၀ ပူဇော်ပွဲများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
More Stories
အခြေခံဥပဒေမှ ပြင်ဆင်၍ရသည်များကို ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း ယာယီသမ္မတပြောကြား
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်၍ ရသည်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များသည် ယာယီသမ္မတ...
မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား
ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။ အောက်တိုဘာ ၁၇ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊...
ရွေးကောက်ပွဲအား ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ထပ်မံကျန်ရှိသည့် မြို့နယ်များအား ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ကျင်းပပေးမည်ဟု ယာယီသမ္မတ ပြောကြား
ရွေးကောက်ပွဲအား သုံးကြိမ်ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအနက် ထပ်မံကျန်ရှိသည့် မြို့နယ်များအား လာမည့်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင်...
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ယာယီသမ္မတ တက်ရောက် အမှာစကားပြောကြားပြီး ဆုများချီးမြှင့်ပေး
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန် သဘင်ဆောင်ခန်းမတွင် ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး...
မြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ
ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့လေဆိပ်သို့ အထူးလေယာဥ်ဖြင့်ဆက်လက်ထွက်ခွာခဲ့သည်။ တရုတ်နိုင်ငံသို့ဆက်လက်ထွက်ခွာမည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား...
မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့တွေ့ဆုံ
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၇ ရက်က ကာဇက်စတန်နိုင် ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် နေ့လည်ပိုင်း၌...
