
(၁၅-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၅-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို ရောက်ရှိ
၂။ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်စာရင်းကို UEC ကြေညာ
၃။ ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ အမှတ်(၁)ဓာတ်အားပေးစက်မဂ္ဂါဝပ် ၇၀ ပြန်လည်စမ်းသပ်မောင်းနှင်ပြီး အမှတ်(၂)ဓာတ်အားပေးစက် မဂ္ဂါဝပ် ၇၀ ကို လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
၄။ ပြည်တွင်း၌ စပါး/ဆန်ဈေးနှုန်းများ ကျဆင်းနေ၍ အောက်တိုဘာလမှစတင်ကာ ပြည်ပသို လစဉ်ဆန်တန်ချိန် သုံးသိန်းအထိ တင်ပိုသွားမည်ဟု MRF ထုတ်ပြန်
၅။ ဦးကျော်မိုးထွန်း၏ ကုလထိုင်ခုံအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြုလုပ်သည့် ကမ်ပိန်းတွင် လက်မှတ်ရေးထိုးသူ ၂၀,၀၀၀ ကျော်သာရှိ
၆။ ရဟန်းသံဃာအယောင်ဆောင်၍ လက်နက်ခဲယမ်း သယ်ဆောင်သောဖြစ်စဥ်ကို ဖော်ထုတ်နိုင်ခဲ့
၇။ ယာထဲသို အလုပ်လုပ်ရန်လာသည့် ပေါင်းတည် ပန်းသင်းရွာမှ လက်နက်မဲ့အမျိုးသားတစ်ဦးကို ပျူစောထီးဟု တံဆိပ်ကပ်ကာ ပေါင်းတည် PDF စောင့်ကြို ချောင်းမြောင်း သတ်ဖြတ်
၈။ စက်တင်ဘာလ ၁၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၂၅ ကျပ်၊ Octane 95 – ၂၉၉၅ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၁၇၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ရွေးကောက်ပွဲအစီအစဉ်ပြောင်းလဲမည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှ် ယာယီခေါင်းဆောင် ယူနွတ်ပြော
၂။ အီလွန်မတ်ကိုကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသော လာရီအီလီဆန်
၃။ Maoist သူပုန်အဖွဲ ထိပ်တန်းတပ်မှူးတစ်ဦးနဲ့ အခြားအဖွဲဝင်(၉)ဦးကို သတ်ပစ်နိုင်ခဲ့တယ်လို အိန္ဒိယရဲတပ်ဖွဲပြော
၄။ အေးခဲသောဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်ထားရန် ဥရောပသမဂ္ဂကို Gazprom ကုမ္ပဏီ သတိပေး
၅။ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားလာစေဖို ကြိုးပမ်းမှာ မဟုတ်ဘူးလို အမေရိကန်ပြော
၆။ နေတိုးနယ်မြေတိုင်းကို ကာကွယ်သွားမယ်လို အမေရိကန် ကတိပြု
အားကစားသတင်းများ
၁။ ခြေစစ်ပွဲအောင်မြင်ထားသည့် ISPE WFC (MYANMAR) အသင်းအား ဂုဏ်ပြုငွေ ကျပ်သိန်း ၁၇၀၀ ကျော် ချီးမြှင့်
၂။ ဆာလက်ရဲ့ နာကျင်အချိန်ပို ပင်နယ်တီဂိုးနဲ့အတူ အဖိုးတန်နိုင်ပွဲရခဲ့တဲ့ လီဗာပူး
၃။ ပရီးမီးယားလိဂ်ပွဲစဉ် ၄ပွဲ ကစားပြီးချိန် အက်စတွန်ဗီလာအသင်းဟာ သွင်းဂိုးတစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေ
၄။ မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ ထွက်ကစားနေတဲ့ ရာ့စ်မတ်စ် ဟွိင်လန််းဟာ နာပိုလီအတွက် ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့
၅။ Gtech Community ကွင်းကြီးမှာ အစဉ်အလာမပျက် သရေကျခဲ့တဲ့ ချဲလ်ဆီး
အနုပညာသတင်းများ
၁။ သီချင်းဟောင်းနှစ်ပုဒ်နဲ့ ကိုယ်ပိုင် Own Tune တွေပါဝင်တဲ့ “ဣန္ဒြေရှင်မလေး” Mini Album မိတ်ဆက်တဲ့ ကိုရဲ
၂။ အချစ်ဒရာမာဇာတ်လမ်း “အချစ်ကျိန်စာ” ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက် ကန်တော့ပွဲပေး
၃။ Fan တွေ မျက်နှာငဲ့ပြီး သူတို စိတ်ချမ်းသာအောင် ငပေါလိုပဲနေတယ်ဆိုတဲ့ သိန်းလင်းစိုး
၄။ Bromance Drama ပုံစံ“မေတ္တာဖြင့်ဝှက်ထားသော ကျွန်တော့်ကမ္ဘာ”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကျင်းပ