// | DailyBriefNews (၁၃-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် -

(၁၃-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၃-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ လူသားများ၏ လုပ်ဆောင်မှုများကြောင့် ရာသီဥတုများပြောင်းလဲလာခြင်းဖြစ်သဖြင့် လူသားများကပင် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း တပ်ချုပ်ပြောကြား

၂။ ကြိုတင်မဲများ မထပ်စေရန် ကြိုတင်မဲပေးသူများကို လက်သန်းမှင်တို မှတ်သားထားမည်ဖြစ်ပြီး တစ်ကြိမ်ထက်ပိုပေးသူများ ထောင်ဒဏ် တစ်နှစ်ထက်မပိုသော ပြစ်ဒဏ် ချမှတ်ခံရမည်

၃။ NCA (၁၀) နှစ်ပြည့် အခမ်းနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်ထည်ဖော်မှု အောင်မြင်မှုများနှင့် သင်ခန်းစာများကို အလွတ်သဘောကျယ်ပြန့်စွာဆွေးနွေးမည်

၄။ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

၅။ ၂၀၂၅-၂၆ဘဏ္ဍာနှစ် ပထမ၅လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၂၉ သန်းကျော် ဝင်ရောက်

၆။ တပ်မတော်စစ်ကြောင်းများအနေဖြင့် ဗန်းမော်မြိုအတွင်း ကျန်ရှိနေသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲများအား ဆက်လက် ရှင်းလင်းသွားမည်

၇။ KTV ၊ BAR နှင့် CLUB များရှိလူငယ်များကိုရောင်းရန် မူးယစ်ဆေးသယ်ဆောင်သူ (၂) ဦး ပျော်ဘွယ်တွင် ဖမ်းမိ

၈။ စက်တင်ဘာလ ၁၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၁၀ ကျပ်၊ Octane 92 – ၂၉၂၅ ကျပ်၊ Octane 95 – ၂၉၉၅ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၁၇၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယထံမှ လျှပ်စစ်ဓာတ်အား ပိုမိုဝယ်ယူသည့်အပြင် မြင့်တက်လာသော လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန် လောင်စာဆီသုံးစွဲ၍ ဓာတ်အားထုတ်လုပ်မှုကို မြှင့်တင်လျက်ရှိ

၂။ ဗိတ်ပင် လုပ်တာကို စင်ကာပူမှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို လုပ်နေ

၃။ တောင်အာဖရိကနိုင်ငံတွင် ပြန်ပေးဆွဲမှု- အတင်းအဓမ္မ အလုပ်ခိုင်းစေမှုဖြင့် တရုတ်နိုင်ငံသား လူကုန်ကူးသူများကို ထောင်ဒဏ် အပြစ်ပေး

၄။ ပင်တဂွန်တွင် 9/11 နှစ်ပတ်လည်နေ့ကို ကျင်းပရာ ထရမ့်တက်ရောက် မိန့်ခွန်းပြောကြား

၅။ တရုတ်နိုင်ငံတော်ကောင်စီက အရာရှိအချိုကို ခန့်၊ အချိုကိုရာထူးမှဖယ်ရှား

၆။ အဲရ်ကမ္ဘောဒီးယားက တရုတ်နှင့်ယူအက်စ်မှ လေယာဉ်များဝယ်ရန် စီစဉ်နေ

အားကစားသတင်းများ

၁။ အာရှကျောင်းများရေကူးပြိုင်ပွဲတွင် မြန်မာရေကူးအားကစားသမားများ ရွှေလေးခုအပါအဝင် ဆုတံဆိပ် ၁၄ ရရှိ

၂။ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာကိုထိုးဖောက်ဖိုဆို အမှတ်နဲ့ဆော့တာက အကောင်းဆုံးပဲဆိုတဲ့ လက်ဝှေ့ထွန်းထွန်းမင်း

၃။ အာရှအဆင့် ကစားရမည့် ISEP အမျိုးသမီးပွဲစဉ်များကို တို-က်ရို-က်ပြသရန်ရှိနေ

၄။ ဩဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့တဲ့ အန်းစလော့

၅။ ဩဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဂရီးလစ်ရှ်

အနုပညာသတင်းများ

၁။ နှောင်ကြိုးဝိုင်းဇာတ်ဝင်ခန်းမှာ ကျွန်တော့်ကို ထိုးလိုက်တဲ့အခန်းမှာ သွေးကျပြီး လေတစ်ဖက်ပဲ ဝင်တော့တဲ့အထိဖြစ်ခဲ့တယ်ဆိုတဲ့ တေဇလင်းရောင်

၂။ The Model Academy ပြိုင်တုန်းက ဇင်အောင်ရဲ့ စကားတွေကိုသင်ယူစရာလို မှတ်ယူပြီး နေထိုင်နေပါတယ်ဆိုတဲ့ မော်ဒယ်လ်ဒီး

၃။ မိုင်လေးက ငယ်ငယ်တုန်းကဆိုရင် တစ်ခုခုဆို ငိုဖိုပဲသိတယ်ဆိုတဲ့ ရတနာမိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား