
နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့တဲ့ စိန်နန်းတော်ရဲ့ ၁၃ နှစ်ပြည့် အထူးဈေးရောင်းပွဲကျင်းပ
လက်ဝတ်ရတနာချစ်မြတ်နိုးသူတွေအတွက် “စိန်နန်းတော်” ရဲ့ ၁၃ နှစ်ပြည့် အထူးဈေးရောင်းပွဲတော်ကို စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Junction Square ဆိုင်ခွဲ Promotion Area မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့က စိန်နန်းတော်ရဲ့ ၁၃ နှစ်ပြည့် ဈေးရောင်းပွဲတော်မှာ သီချင်းတွေ သီဆိုဖျော်ဖြေပေးဖြစ်တာပါ။ ဇေယျရဲ့ ဖိတ်ခေါ်မှုတွေနဲ့ ဂိမ်းတွေကိုလည်း အတူတူဆော့ခဲ့ကြပါတယ်။ ပရိသတ်တွေလည်း တွေ့ရတော့ ပျော်ဖို့လည်း ကောင်းပါတယ်။ နှစ်ပေါင်း ၁၃ နှစ်ရှိပြီဆိုတော့ Quality ကိုလည်း အာမခံ ထားတော့ တော်တော်လေးကို သဘောကျရပါတယ်။ အလဲ Zero Percent ဆိုတော့ တော်တော်လေးကောင်းပါတယ်။ ဒီနေ့ဆင်မြန်းပေးထားတာလည်း သဘောကျပါတယ်”လို့ အကယ်ဒမီ အဆိုတော် ထွန်းထွန်းက ပြောပါတယ်။


အဆိုပါ အခမ်းအနားကိုတော့ စက်တင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ ၃ ရက်တိုင်တိုင်ကျင်းပခဲ့ရာ သရုပ် ဆောင် အကယ်ဒမီ ထွန်းထွန်း၊ ဇေယျ၊ ညိမ်းသော်၊ Project K၊ သဲစုညိမ်း၊ မြင့်မြတ်မိုးတို့ တက်ရောက်ခဲ့ပါတယ်။
