
(၈-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၈-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှတစ်ဆင့် ယူနန်၊ စီချွမ်၊ ချုံချင့်၊ ကွမ်ရှီးနှင့်နန်နင်းဒေသများအထိ ကုန်သွယ်ရေးလမ်းကြောင်းအား တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ပြောကြား
၂။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဟုဆိုသည့် သတင်းများမှာ ယာယီသမ္မတ၏ တရုတ်ခရီးစဥ် အောင်မြင်မှုကြောင့် သတင်းမှားများ ထုတ်လွှင့်ကြခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
၃။ ငလျင်ဒဏ်ကြောင့်(၅)လကျော်အကြာ ပိတ်ထားခဲ့ရသော ရတနာပုံဈေးကို လာမည့်ရက်ပိုင်းအတွင်းပြန်လည်ဖွင့်လှစ်တော့မည်
၄။ AI နည်းပညာကို မီဒီယာလောကအတွက် အကျိုးရှိရှိ၊ ထိရောက်စွာအသုံးချနိုင်ရန် အလွန်အရေးကြီးဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား
၅။ တပ်မတော်စစ်ကြောင်းများက KNU အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်
၆။ မင်းလှမြိုနယ်တွင် အကြမ်းဖက်အဖွဲက အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဆိုင်ကယ်တစ်စီး လုယက်
၇။ တပ်မတော်အရာရှိဟန်ဆောင်ပြီး ဖုန်းဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို PDF လိုဆိုကာ ဖမ်းခိုင်းမယ်လို ခြိမ်းခြောက်သူကို ဖမ်းမိ
၈။ စက်တင်ဘာလ ၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၁၀ ကျပ်၊ Octane 92 – ၂၉၄၅ ကျပ်၊ Octane 95 – ၃၀၁၀ ကျပ်၊ Diesel – ၂၅၆၀ ကျပ်၊ Premium Diesel – ၃၁၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ယူကရိန်းမြိုတော်၊ ကိယက်ဗ်ရှိ လွှတ်တော်အဆောက်အဦ ယမန်နေ့ညက ရုရှား ဒရုန်းထိမှန်
၂။ ပြင်သစ်သမ္မတ မာခရွန်ကို ရာထူးက ဆင်းပေးဖို တောင်းဆိုကြပြီ
၃။ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဓါးစာခံတွေထပ်မံသေဆုံးနိုင်ဖွယ်ရှိနေတယ်လို ဒေါ်နယ်ထရမ့် ပြော
၄။ ဆစ်ဒနီကမ်းခြေမှာ ငါးမန်းတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
၅။ ထိုင်းတွင် ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရသည့် အနူတင်က ကျမ်းသစ္စာကျိန်ဆိုပြီး ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်
၆။ ပါကစ္စတန်နှင့်အီရန်နှစ်နိုင်ငံကို တိုက်ခိုက်နေသည့် အကြမ်းဖက်ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရ
အားကစားသတင်းများ
၁။ မိုးရေထဲထိ လာအားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနှင့် ထပ်ပြီကောင်းမွန်အောင်ကြိုးစားသွားမယ်လို ပြောကြားလာခဲ့တဲ့ ISPE ကစားသမား နှင်းပွင့်အေး
၂။ စက်တင်ဘာလ ၁၂ ရက်နေ့ ကျင်းပမယ့် One Championship ပွဲစဉ်မှာ မြန်မာဖိုက်တာ အဲမွီပွဲပါလာ
၃။ ရပ်ရှ်ဖိုအနေဖြင့် ပုံမှတ်ပွဲထွက်ခွင့်ရဖိုအတွက် စိတ်ပိုင်းဆိုင်ရာကော ကိုယ်ပိုင်းဆိုင်ရာပါ တိုးတက်ဖိုလိုသေးကြောင်း ဘာစီလိုနာနည်းပြ ပြော
၄။ ကမ္ဘာ့ဖလာခြေစစ်ပွဲတစ်ခုဖြစ်သော ပေါ်တူဂီအသင်းနှင့် အာမေးနီးယားအသင်းတို ယှဉ်ပြိုင်မှုတွင် ၅ ဂိုး-ဂိုးမရှိနှင့် ပေါ်တူဂီအသင်း အနိုင်ရ
၅။ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကင်မရွန်းဂိုးသမား အန်ဒရေအိုနာနာကို အငှားစာချုပ်နဲ့ခေါ်ယူဖို ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့
အနုပညာသတင်းများ
၁။ ဘဝကိုအေးအေးဆေးဆေး ကိုယ်ချစ်တဲ့သူနဲ့အတူ ဖြတ်သန်းနေရတော့ ပျော်တယ်ဆိုတဲ့ သရုပ်ဆောင် မေမြင့်မိုရ်
၂။ “ခင်ရှေးဆန်း”ကတော့နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲပြီးရိုက်ခဲ့ရတဲ့ကားပါ မြန်မြန်ပြီးပါတော့တောင် ဆုတောင်းနေရတယ်လို ပြောလာတဲ့ ခြူးလေး
၃။ ရခိုင်ကားမိုလို ရခိုင်တွေပဲကြည့်ရမှာ မဟုတ်ဘဲ ရခိုင်ဇာတ်ကားကောင်းတစ်ကားရှိတာကို ပရိသတ်တွေ ချပြချင်တာပါ ဆိုတဲ့ ဘုန်းလျှံ
၄။ အောင်မြင်တဲ့ တေးသီချင်းတွေများစွာ ရေးစပ်ဖန်တီးခဲ့တဲ့ တေးရေးဆရာ အကယ်ဒမီ သောမတ်စ်ရဲ့ နောက်ဆုံးခရီးမြင်ကွင်း