// | DailyBriefNews သက်သောင့်သက်သာအရမ်းဖြစ်ပြီး Luxury ဆန်တဲ့ The World’s First MPSUV Leapmotor C16 Launching ပွဲ အခမ်းအနားကို နာမည်ကြီးအနုပညာရှင်တွေတက်ရောက်ခဲ့ -

သက်သောင့်သက်သာအရမ်းဖြစ်ပြီး Luxury ဆန်တဲ့ The World’s First MPSUV Leapmotor C16 Launching ပွဲ အခမ်းအနားကို နာမည်ကြီးအနုပညာရှင်တွေတက်ရောက်ခဲ့

သက်သောင့်သက်သာအရမ်းဖြစ်ပြီး Luxury ဆန်တဲ့ The World’s First MPSUV Leapmotor C16 Launching ပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေတက်ရောက်ခဲ့ကြပါတယ်။

“ဒီနေ့မှာတော့ Leapmotor Myanmar ရဲ့ C16 ဆိုတဲ့ ကမ္ဘာမှာလည်း ပထမဦးဆုံးဖြစ်တဲ့ မြန်မာမှာလည်း ပထမဦးဆုံးဖြစ်တဲ့ MPSUV ကားသစ်ကို မိတ်ဆက်ပေးတာလည်းဖြစ်ပါတယ်။ Brand Ambassador ဖြစ်တဲ့ ကိုရဲရင့်အောင်၊ မကစ်အပြင် နောက် Brand Ambassador အသစ်တွေကိုလည်း ခန့်အပ်တဲ့ပွဲလည်းဖြစ်ပါတယ်။ တရုတ်ပြည်ထိသွားလုပ်ခဲ့တဲ့ ဒီကားထုတ်လုပ်တဲ့ဆီကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ လေဆိပ်ကနေစ စီးခွင့်ရတဲ့ကားကတော့ C16 ပါ။ အထဲက အတွင်းခန်းပြင်ဆင်မှုက တော်တော်ကို မိုက်ပါတယ်။ ကိုယ်တိုင်တောင် ထိုင်စီးနေရင်း ကိုယ်ကိုယ်တိုင် အရမ်းကို ချမ်းသာတဲ့သူဌေးတစ်ယောက်လိုကို ခံစားရပါတယ်။ Sound System လည်းတော်တော်မိုက်ပါတယ်။ ကျွန်တော်အရမ်းကို ကျေနပ်ခဲ့ရပါတယ်။ Entertainment တစ်ခုဆိုတာထက် ပိုပါတယ်။ နားနေနိုင်မယ့် ခုံဆိုရင်လည်း သုံးတန်းပါတဲ့အထိပါဝင်သလို အလယ်ခုံက နှစ်ခုံထဲမှာ တော်တော်ကို ကောင်းပါတယ်”လို့ Leapmotor Myanmar ရဲ့ Brand Ambassador ရဲရင့်အောင်က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ Brand Ambassador တွေဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့ တက်ခဲ့သလို ထပ်မံပြီးတော့ အကယ်ဒမီ အေးချမ်းမောင်နဲ့ သရုပ်ဆောင် နေထွဋ်တို့ကိုလည်း Brand Ambassador ထပ်မံခန့်အပ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးတို့ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား ကုန်သွယ်ရေးတိုးမြှင့်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး