// | DailyBriefNews ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးတို့ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား ကုန်သွယ်ရေးတိုးမြှင့်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး -

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးတို့ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား ကုန်သွယ်ရေးတိုးမြှင့်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Xiaohui တို့ စက်တင်ဘာလ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ချန်ဒူးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ချိန်တွင် စီချွမ်ပြည်နယ်က အကူအညီရေးအဖွဲ့များ စေလွှတ်ခဲ့မှုအခြေအနေ‌များ၊ စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား စီချွမ်ပြည်နယ်အစိုးရအဖွဲ့မှ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ဟာပင်းမြိုမှ စီချွမ်ပြည်နယ်၊ ချန်ဒူးမြိုသို့ ယင်းနေ့ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီတွင် ထွက်ခွာခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ချန်ဒူးမြိုသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post သက်သောင့်သက်သာအရမ်းဖြစ်ပြီး Luxury ဆန်တဲ့ The World’s First MPSUV Leapmotor C16 Launching ပွဲ အခမ်းအနားကို နာမည်ကြီးအနုပညာရှင်တွေတက်ရောက်ခဲ့