
Harbin Electric Corporation ၌ AI စနစ်အသုံးပြု၍ စက်ပစ္စည်းကိရိယာများထုတ်လုပ်နေမှုကို မြန်မာနိုင်ငံတော် ယာယီသမ္မတ ကြည့်ရှုလေ့လာ
ဟာဘင်းမြို့ရှိ Harbin Electric Corporation ၌ AI စနစ်အသုံးပြု၍ စက်ပစ္စည်းကိရိယာများထုတ်လလုပ်နေမှုကို မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၄ ရက်ညနေပိုင်းက ကြည့်ရှုလေ့လာခဲ့သည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတမှ Harbin Electric Corporation ၏ စက်ရုံအတွင်း AI စနစ်အသုံးပြု ၍ စက်ပစ္စည်းကိရိယာများထုတ်လုပ်နေမှုကို ကြည့် ရှုလေ့လာပြီး မြန်မာနိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ရှင်းလင်းဆွေးနွေးပြောဆိုဖိတ်ကြားခဲ့သည်။

ထို့ပြင် ကုမ္ပဏီပြခန်းအတွင်းခင်းကျင်းပြသထားသော ရေအားလျှပ်စစ်သုံးဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအားလျှပ်စစ်သုံးဓာတ် အားထုတ်လုပ်ခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ် ငန်း၊ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းလုပ်ငန်းများအတွက်လို အပ်သည့် ဂျင်နရေတာများနှင့် ဆက်စပ်ပစ္စည်းကိရိယာများထုတ်လုပ်လျက်ရှိမှုတိုကို ကြည့်ရှုလေ့လာခဲ့သည်။

ထို့အတူ Green Power Energy ထုတ်လုပ်ခြင်းများဖြစ်အောင်ဆောင်ရွက်လျက်ရှိမှု၊ အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုတို့ကိုလည်းကြည့်ရှုလေ့လာရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြပြီး မြန် မာနိုင်ငံတော် ယာယီသမ္မတမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။