
“ဆန်းကြယ်သောဖူးစာ” ဇာတ်လမ်းတွဲမှာ အချစ်ဟောင်းနဲ့ အချစ်သစ်ကြား ရွေးရခက်တဲ့ သက်နှင်း ကာရိုက်တာနဲ့ ပရိသတ်ကမြင်တွေ့ရမှာပါဆိုတဲ့ မေသူထွန်း
Verden Production က လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “ဆန်းကြယ်သောဖူးစာ” Season 2 ဇာတ်လမ်းတွဲမှာ ကိုယ့်ရဲ့ အချစ်ဟောင်းနဲ့ အချစ်သစ်ကြားမှာ ရွေးရခက်တဲ့ သက်နှင်းကာရိုက်တာနဲ့ ပရိသတ်ကမြင်တွေ့ရမှာပါလို့ သရုပ်ဆောင် မေသူထွန်းက ပြောပါတယ်။
“မေသူတို့ လေးပွင့်ဆိုင် အိမ်ထောင်ရေးပုံစံလေးဆိုတော့ ဒီဇာတ်လမ်းတွဲ Season 1 ထုတ်လွှင့်ခဲ့တုန်းကလည်း ပရိသတ်တွေ တော်တော်လေးကို အားပေးခဲ့ကြပါတယ်။ ကိုယ်တိုင်က သစ္စာတရားကို တန်ဖိုးထားတဲ့ သူ၊ သက်နှင်းဆိုတဲ့ ကောင်မလေးကာရိုက်တာနဲ့ပါ။ ကိုယ့်ခင်ပွန်းက ဖောက်ပြန်သွားတာမို့ ကိုယ့်ရဲ့ အချစ် ဟောင်းနဲ့ အချစ်သစ်ကြားမှာ ရွေးရခက်ပုံစံလေးနဲ့ ပရိသတ်က မြင်တွေ့ရမှာပါ။ ပရိသတ်တွေလည်း ဖောက်ပြန်တာတွေပဲ ထပ်နေမှာစိုးလို့ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေနဲ့ ဇာတ်အနိမ့်အမြင့်လေးတွေ ပါပါမယ်။ ဇာတ်က ပုံမှန်ထက်ပိုကောင်းတဲ့ ဆန်းကြယ်တဲ့အကြောင်းအရာလေး ထပ်ထည့်ထားတယ်လို သိရပါတယ်။ ခေတ်တွေသာ ပြောင်းသွားပေမယ့် ယောက်ျားတွေရဲ့ ဖောက်ပြန်မှုတွေက ပြောင်းမသွားဘူးပေါ့နော်။ ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ”လို သရုပ်ဆောင် မေသူထွန်းက ပြောပါတယ်။
အဆိုပါဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို မေသူထွန်း၊ ဒါရိုက်တာမင်းစနေက သရုပ်ဆောင်တွေဖြစ်တဲ့ နေ့သစ်အေးအောင်၊ နေရှိုင်း၊ မေသူထွန်း၊ ချောဆင့်သူ၊ ယဉ်ယဉ်၊ ငြိမ်း၊ ခင်ကျော့ရှင်း၊ ဝင်းမြတ်မြတ်ဖြိုး၊ သူရဟိန်း၊ သီဟအောင်၊ အလင်းသစ်၊ ဘုဏ်းနေခေတ် စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။

“ဆန်းကြယ်သောဖူးစာ” ဇာတ်လမ်းတွဲကို လာမယ့် ဩဂုတ် ၃ဝ ရက်မှာ Channel K ရုပ်သံလိုင်းက အ ပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီတိုင်းမှာ ပြသသွားမှာဖြစ်သလို ပြန်လည်ပြသချိန်ကို စနေနေ့နဲ့ တနင်္ဂ နွေနေ့ နံနက် ၉ နာရီ နဲ့ ည ၁၁ နာရီတို့မှာ ပြသမှာလည်းဖြစ်ပါတယ်