// | DailyBriefNews ချစ်စရာသားဦးရတနာကို အောင်မြင်စွာ မွေးဖွားခဲ့တဲ့ သွန်းဆက် -

ချစ်စရာသားဦးရတနာကို အောင်မြင်စွာ မွေးဖွားခဲ့တဲ့ သွန်းဆက်

ပရိသတ်ချစ်ခင်မှုများစွာ ရရှိလာတဲ့ သရုပ်ဆောင်သွန်းဆက်ကတော့ ချစ်စရာသားဦးရတနာကို ရန်ကုန်မြိုမှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။

” ဒီကမ္ဘာကနေ ကြိုဆိုပါတယ်။ ငါတိုရဲ့ မင်းသားလေး Timmy။ ကျွန်တော်တိုရဲ့ ချစ်စရာကောင်းသောမင်းသား Timothy @ Timmy” လို သရုပ်ဆောင် သွန်းဆက်ရဲ့ခင်ပွန်းက ပရိသတ်သိအောင် ပြောလာပါတယ်။ သူမရဲ့ သားဦးရတနာလေးကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြိုက ဆေးရုံတစ်ရုံမှာ မွေးဖွားခဲ့ပါတယ်။ သားလေးမမွေးခင်ရက်ပိုင်းလေးမှာ သားလေးအတွက် အပြာရောင်အခန်းလေးကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“ကျွန်တော်သွားကြည့်ဖြစ်တယ်။ သွန်းဆက်က သားလေးက ပါးချိုင့်လေးပါတယ်တဲ့လေ။ ကျွန်တော်အမွေပေးရတော့မယ်”လို့ သရုပ်ဆောင် ကျော်ထက်အောင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၈-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ