// | DailyBriefNews ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ“မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ကန်တော့ပွဲပေးပွဲကျင်းပ -

ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ“မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ကန်တော့ပွဲပေးပွဲကျင်းပ

Love TV က ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ကန်တော့ပွဲပေးပွဲအခမ်းအနားကို ဩဂုတ်လ ၆ ရက် နံနက် ၈ နာရီခွဲမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက ပရိသတ်အကြိုက်တွေ့စေမယ့် ရိုမန့်ဒရာမာဇာတ်လမ်းပုံစံမျိုးပါ။ ပရိသတ်တွေ စောင်ကိုက်ကြည့်ရမယ့် ဇာတ်လေးလို့ ကြိုပြောထားချင်ပါတယ်။ ကိုနေဝင်းနဲ့ မေမီတို့ရဲ့ တွဲဖက်ရိုက်ကူးနေကြမဟုတ်တဲ့ ပရိသတ်တွေ သဘောကျဖို့ ဖန်တီးရိုက်ကူးဖြစ်တာပါ”လို့ ဒါရိုက်တာ မင်းဆက်သစ်က ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်ညွှန်း အင်ကြင်းဟန်၊ DOP လင်းသိန်း၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ မင်းဆက်သစ်က ရိုမန့်ဒရာမာ ဇာတ်လမ်းပုံစံ လာမယ့် ဩဂုတ်လ ၁၃ ရက်မှာ စတင်ရိုက်ကူးသွားဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေဝင်း၊ မေမီကိုကို၊ မယ်လိုဒီ၊ ဖြိုးရာဇာနိုင်၊ သင်းသဲဗိုလ်၊ ဇော်ဝင်နိုင်၊ ဒေါင်းဝေ၊ ဂွမ်းပုံကြီး စတဲ့ အနုပညာရှင်များပါဝင်ကြမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီတဂူဆရာတော်၏ လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်းတစ်ထောင် ပေးအပ်လှူဒါန်း
Next post ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်